အခန်း ၄ (ဒုတိယပိုင်း)

26 2 0
                                    

နောက်ထပ်​ရောက်ရှိလာ​သောနေ့ရက်​တွေမှာ​တော့ချုံဇီပို၍ပင်ငြီး​ငွေ့လာသည်။ဆရာတူညီအစ်ကို​​ညီအစ်မ​တွေအားလုံးအိမ်စာရှိ​ပေမယ့်သူမတစ်ယောက်တည်းဘာမှလုပ်စရာမရှိဘူး။ညှိုးငယ်ထိုင်းမှိုင်း​နေပြီးနန်ဟွာ​တောင်ထွတ်ကိုလဲအတတ်နိုင်ဆုံးမသွား​တော့​ပေ။ဝမ်လင်​ကျေးကိုအမြင်ကပ်တာအပြင်ပိုအဓိကကျတာကဆရာတူအစ်ကို​တွေနဲ့ဆရာဦး​လေး​တွေအားလုံးကကြည့်ရတာသူမကိုသတိထား​နေသလိုပဲ။အများစုက​တော့ဂိုဏ်းချုပ်ဆရာကြီး​ပြောတဲ့ဘာမိစ္ဆာဝိဥာဥ်ဆိုလားအဲ့ဒီ့အကြောင်းရင်း​ကြောင့်ဖြစ်​နေတယ်။မုယွိတစ်​ယောက်ပဲသူမကိုအရင်အတိုင်းဆက်ဆံတာ၊ နှ​မြောစရာကမုယွိကပထမတပည့်ကြီးဖြစ်​နေ​တော့အလုပ်ကိစ္စ​တွေလဲလုပ်ရသလိုကျင့်ကြံမှု​တွေလဲလုပ်ရတယ်။သူ့ကိုမျက်နှာအရည်ထူထူနဲ့သွား​နှောင့်ယှက်လို့မ​ကောင်းဘူး။

​တောင်အနှံ့​ပေါက်​နေ​တဲ့ဝါးပင်​တွေနဲ့ကျယ်ပြန့်တဲ့တိမ်ပင်လယ်ကြီးကလဲမျက်စိထဲမှာ​တော့​ခြောက်ကပ်ပြီးပျင်းစရာ​ကောင်းနေတယ်။

​လော့ယင်းဖန်ဟိုတစ်ညကအသက်ရှူကျင့်ကြံခြင်းနည်းကိုသင်​ပေးခဲ့တယ်။ဒုတိယညမှာသူမဘာသာစွမ်းအင်စု​ဆောင်းနိုင်တာကိုသိပြီး​နောက်ဘာ​မေးခွန်းမှလဲမ​မေး​တော့သလိုသူမကိုတခြားဘာအိမ်စာ​မှလဲမ​ပေး​တော့ဘူး။​နေ့တိုင်းမနက်အ​စောကြီးထွက်သွားပြီးညမိုးချုပ်မှပြန်လာတယ်။ဒါမှမဟုတ်တစ်​နေကုန်ခန်းမအတွင်းထဲမှာပဲလုပ်စရာကိစ္စ​တွေကိုစီမံ​နေတယ်။အဲ့ခန်းမကြီးထဲကိုသူမဝင်လို့လဲမရဘူး။ဝင်လို့ရတဲ့တစ်ခုတည်း​သောအချိန်ကသူခန်းမထဲမှာမရှိတဲ့အချိန်။တစ်ခါတုန်းကသူ့ကိုအကြိမ်​ရေအနည်းငယ်​လောက်​အော်​ခေါ်ဖူးတယ်၊ အသံကြားတာနဲ့အကာအကွယ်ကိုဖယ်လိုက်​ပေမယ့်ဘာမှမဖြစ်တာမေးပြီးတာနဲ့အပြင်ပြန်ထုတ်လိုက်ပြန်​ရော။ချုံဇီအရမ်းကိုစိတ်ပျက်သွားတယ်။

တခြားဆရာတူအစ်ကိုအစ်မ​တွေကသူတို့ဆရာကို​တွေ့ချင်တဲ့အချိန်တိုင်း​တွေ့လို့ရတယ်။မင်ရှန်းဇွင်းလိုစည်းကမ်းတင်းကြပ်တဲ့သူ​တောင်မှဝမ်လင်​ကျေးကိုသူ့​ဘေးမှာ​နေဖို့ခွင့်ပြုထား​သေးတယ်။ဆရာ့ဆီကနှစ်သက်​မှုရအောင်လို့ကြိုးကြိုးစားစားနဲ့သင်ယူချင်​ပေမယ့်သင်ယူတာပို​ကောင်းလာ​လေ​လေ၊ ဆရာကဆန့်ကျင်ဘက်အ​နေနဲ့သူမကိုပိုဂရုမစိုက်​တော့​လေ​လေပဲ။

ချုံဇီWhere stories live. Discover now