အခန်း ၃ (တတိယပိုင်း)

28 2 0
                                    

ငါးကိုလွှတ်လိုက်သည်နှင့်သူမလဲစိတ်ပျက်အား​လျော့သွားသည်။စိတ်ဆိုးတဲ့အချိန်တိုင်းတိရစ္ဆာန်​လေး​တွေကထွက်​ပြေးပြီးသူမရဲ့အ​ဝေးမှာပဲပုန်း​ရှောင်ကြတယ်။သူမကိုယ်တိုင်လည်းဘာလို့ဒီလိုဖြစ်မှန်းမသိ​ဘူး။မဟုတ်မှလွဲ​ရောဒါကမ​သေမျိုးအကြီးအကဲ​တွေ​ပြောတဲ့မိစ္ဆာဝိဥာဥ်ဆိုတာများလား?တခြားတစ်​ယောက်​ယောက်ကိုထိခိုက်မိတာနဲ့ပတ်သက်ရင်​တော့တစ်ချိန်တုန်းကသူမတခြားသူ​တောင်းစား​လေး​​တွေနဲ့အတူကြက်ကိုဖမ်းပြီးကင်စားခဲ့ဖူးတယ်။တခါတ​လေအရှင်​တောင်စားခဲ့​လို့အစာငတ်ပြီးမ​သေခဲ့တာ။

မ​သေမျိုးအကြီးအကဲ​တွေက​တော့သူမရဲ့မိစ္ဆာဝိဥာဥ်စွမ်းအားကကြီးလွန်း​​လို့တခြားသူ​တွေကိုထိခိုက်လိမ့်မယ်လို့ထင်​နေကြတယ်။အဲ့​တော့သူမကို​ခေါ်မထားချင်ကြဘူး။အခုတကယ်ပဲငါးကိုဖမ်းပြီးစားလိုက်ရင်ဆရာသိတဲ့အခါသူမကိုများ​မောင်းထုတ်မှာလား?မိုင်​ထောင်ချီအရပ်က​နေနန်ဟွာရောက်​အောင်​အပြေးအလွှားလာခဲ့ရပြီးမ​သေမျိုးဂိုဏ်းကတပည့်ဖြစ်ဖို့အစွမ်းကုန်ကြိုးစားခဲ့ရတယ်။ဒါ​တွေအားလုံးက​နောင်တစ်ချိန်မှာနတ်မင်းအစ်ကိုကြီးလိုမျိုးလူကယ်နိုင်​ဖို့ပဲ​လေ။ဘယ်လိုလုပ်ဗိုက်ဆာတာ​ကြောင့်နဲ့ဆရာ့ကိုစိတ်ဆိုးသွား​အောင်လုပ်လို့ဖြစ်မှာလဲ?

ချုံဇီ​​​နောက်ထပ်မကြည့်မိ​အောင်ကြိုးစား​နေ၏၊ ​တော်​သေးတာရေထဲကငါး​တွေလည်းလန့်​ပြေးကုန်လို့သူမဖမ်းချင်ရင်​တောင်ဖမ်းလို့မရ​တော့​ပေ။ဒါ​ပေမယ့်တကယ်ဗိုက်ဆာ​နေတယ်၊ ဘယ်လိုဖြစ်လို့နတ်ဖြစ်တာ​တောင်အစာငတ်​နေရ​သေးတာလဲ။

သူ​တောင်းစားဖြစ်ခဲ့ဖူး​တော့ဗိုက်အဆာ​ပြေ​အောင်လုပ်တဲ့နည်းလမ်းများစွာကိုသိတယ်။မျက်စိ​ရှေ့ကရေကတခြား​နေရာမှာရှိတဲ့​ရေ​တွေနဲ့မတူတာ​လေးပါပဲ၊ ​အေးတာကအရိုးထဲထိုး​ဖောက်​နေသလိုပဲ။​သောက်ပြီးရင်​တော့​သေချာ​ပေါက်ဗိုက်နာ​တော့မယ်။

အ​တော်ကြာတုံ့ဆိုင်းပြီး​နောက်သည်းမခံနိုင်​တော့ဘဲကတုန်ကယင်ဖြင့်​ရေကိုလက်နှစ်ဖက်နဲ့ယူလိုက်ပြီး​ခေါင်းငုံ့လိုက်သည်။

ချုံဇီWhere stories live. Discover now