အခန်း ၂ (တတိယပိုင်း)

26 3 0
                                    

ကျယ်ဝန်းကာဂုဏ်သ​ရေရှိ​သောခန်းမကြီး၏​ဘေးနှစ်ဖက်တွင်ဆယ်ချီ​သောနာမည်ကြီးဂိုဏ်းသားများရပ်​နေကြသည်။ထိုသူတို့၏ဝတ်စားပုံမှာအပြင်ဘက်ရှိဂိုဏ်းသားများနှင့်ကွာခြားမှုကားမရှိ​ပေ၊ ငြိမ်သက်​သောမျက်နှာထားနှင့်ဖြစ်သည်။မျက်နှာချင်းဆိုင်ရှိမြင့်မားသည့်​နေရာထက်၌မ​သေမျိုးအရှင်သုံးဦးထိုင်​နေကြသည်။

သူတို့စည်းကမ်းတကျရပ်ကာဘယ်သူကဘယ်သူဟုတိတ်တိတ်​လေးခန့်မှန်း​နေကြ၏။ခန်းမ၏ပဲ့တင်သံနှင့်အတူယွီတုစကားစ​ပြောလိုက်သည်။

"မင်းတို့ရဲ့ခုနတုန်းကလုပ်​ဆောင်ချက်​တွေအားလုံးငါနဲ့အရှင်​တွေသိပြီးပြီ၊ အကုန်လုံးအရမ်း​ကောင်းတယ်"

က​လေး​တွေလဲချီးကျူးခံရ၍ဝမ်းသာ​ပျော်ရွှင်​နေကြသည်။တစ်ချိန်တည်းမှာပဲစကား​ပြောသူ၏အဆင့်အတန်းအားမှန်းဆလိုက်သည်။ပို၍စိတ်လှုပ်ရှားလာကာမျက်လုံးများအားလုံး​မျှော်လင့်ချက်များနှင့်ပြည့်နှက်​​နေ​လေသည်။

ဘယ်သူကများဂိုဏ်းချုပ်ဆရာကြီးရဲ့နှစ်သက်မှုရ​လောက်​အောင်ကံ​ကောင်းနိုင်မလဲ?

ယွီတုလူအားလုံးအားအစဥ်လိုက်ဝေ့ဝိုက်၍တစ်ကြိမ်စီကြည့်ရှုလိုက်၏။​အကြည့်မှာနောက်ဆုံးတွင်မူသခင်ငယ်​လေး၏ကိုယ်​ပေါ်သို့ကျ​ရောက်သွားသည်။

"မင်းလာခဲ့"

အဝတ်များကိုပြင်ဆင်ပြီး​မြေပြင်​ပေါ်၌ရို​သေစွာဒူး​ထောက်လိုက်သည်။

"ချန်ကျိုး(陈州)မှလာ​သောချင်ခဲကမ​သေမျိုးအရှင် ဂိုဏ်းချုပ်ဆရာကြီးအားဦးညွှတ်အရိုအ​သေပြုပါတယ်"

လက်စသတ်​တော့သူ့ကိုချင်ခဲ(秦可)လို့​ခေါ်တာကိုး!
သူမတိတ်တဆိတ်​တွေးလိုက်သည်။

"အသက်ဘယ်​လောက်လဲ?"

"​ပြီးခဲ့တဲ့လကမှ၁၃နှစ်ပြည့်တာပါ"

"မင်းမှာငါ့ကိုပေးစရာတစ်ခုခုများရှိလား?"

ချင်ခဲခဏတာတုံ့ဆိုင်းပြီး​နောက်​ခေါင်းခါလိုက်သည်။

"မရှိပါဘူး"

ယွီတုပြုံးလိုက်သည်။စာရှိရင်အခွင့်အ​ရေးအများကြီးရနိုင်တာသိရက်နဲ့ထိုအ​ကြောင်းကိုတခွန်းမှမဟ​ဘူး။

ချုံဇီWhere stories live. Discover now