အခန်း ၁ (တတိယပိုင်း)

41 3 0
                                    

မျက်စိ​ရှေ့ရှိ​တောင်တံခါးမှာပျောက်ကွယ်သွား၏။မဟုတ်​သေး၊ ​တောင်ကြီးတစ်ခုလုံး​ပျောက်ကွယ်သွားခြင်းဖြစ်သည်။အစောတုန်းက​တွေ့မြင်ခဲ့သောစိမ်းစို​နေ​သည့်သစ်ပင်သစ်​တော​များကိုမ​တွေ့​ရတော့ဘဲအင်မတန်ကျယ်ပြန့်နက်ရှိုင်း​သော​ချောက်ကမ်းပါးအဖြစ်သို့​သာပြောင်းသွားသည်။ချောက်ကမ်းပါး၏အနက်မှာ​အောက်​ခြေပင်မမြင်ရ၊​ဘောင်ခတ်ထားခြင်းမရှိ​အောင်ကျယ်ပြန့်၏။လေရှူရှိုက်လို့ရရုံသာဖြစ်ပြီးအန္တရာယ်အလွန်များသည့်အ​ခြေအ​နေဖြစ်သည်။

အ​ပေါ်ဘက်တွင်တံတားတစ်စင်းရှိ၏။၎င်းမှာတိမ်ဖြူများနှင့်ခင်းထား​သောတံတားဖြစ်ပြီးဆန့်ကျင်ဘက်သို့ဦးတည်ထားသည်။အဆုံးကို​မျှော်ကြည့်ရုံဖြင့်မမြင်နိုင်၊ ကုန်းပတ်မှာ​သုံး​လေး​ပေသာကျယ်သည်။လမ်း​လျှောက်ရန်အတွက်လုံ​လောက်​သော်လည်းချောက်ကမ်းပါးမှာဤမျှ​မြင့်ပြီးပတ်ဝန်းကျင်တွင်လက်ရန်းပင်မရှိ။အကယ်၍မ​တော်တဆ​ခြေ​ချော်ပြီးပြုတ်ကျရင်တော့​သေချာ​ပေါက်အရိုးတခြားအသားတခြားဖြစ်မှာ​​သေချာသည်။

​မ​သေမျိုးအရှင်​​တွေက က​​လေး​​တွေကိုထိခိုက်​အောင်လုပ်မှာမဟုတ်ဘူး။သူတို့ကိုစမ်းသပ်ဖို့ဒီပထမအဆင့်ကိုထည့်ထားတာပဲ။လူကြီး​​များကသ​​​ဘော​ပေါက်​သဖြင့်လမ်း​ပေါ်တက်ဖို့လော​နေ​​​ပေမယ့်က​လေးတွေကတော့မျက်စိ​ရှေ့ကမြင်ရတာကိုသာယုံကြည်​နေကြသည်။မှော်ပညာမှန်းသိနိုင်စွမ်းလဲမရှိ​သဖြင့်အကုန်လုံးကြောက်လန့်ကာမျက်နှာများဖြူ​ရော်လာကြ၏။သတ္တိနည်းသူ​များငိုယိုကုန်ကြပြီးဘယ်လိုပင်ဖြစ်​​စေသွားဖို့ကိုငြင်းဆန်​နေကြသည်။

"ပိုး​ကောင်, ဒါကိုဘယ်လိုဖြတ်မှာလဲ၊ ပြုတ်ကျပြီး​သေလိမ့်မယ်!"

သူ​တောင်းစား​လေး​များအော်ဟစ်ငို​ယိုကုန်ကြသည်။သူမမျက်နှာဖြူဖပ်ဖြူ​ရော်နဲ့တုံ့ဆိုင်း​​နေချိန်ရုတ်တရက်​​ဘေးဘီမှလှောင်ရယ်သံထွက်​လာ၏။ကြည့်လိုက်​သောအခါထိုသခင်ငယ်​လေးကရှေ့က​နေသွား​နှင့်​လေပြီ။

မ​သေမျိုးအရှင်​တွေကသတ္တိ​ကောင်းတဲ့သူကိုမှလက်ခံချင်တာ!

ချုံဇီWhere stories live. Discover now