အခန်း ၄ (တတိယပိုင်း)

21 3 0
                                    

သူ့ရဲ့စိတ်ထင်ချက်​တွေမှန်​နေတာကိုအဖြစ်မှန်​တွေကသက်​သေပြ​နေတုန်းပဲ။​လော့ယင်းဖန်ဒုတိယ​​နေ့အိပ်ယာထတော့ခန်းမထဲကပစ္စည်း​တွေသိမ်းဖို့​မေ့ခဲ့တာကိုသတိရလိုက်တယ်။ခန်းမထဲကိုသွားကြည့်ပြီးပြန်အလာမှာ​တော့အခန်းထဲကို​တစ်ယောက်​ယောင်ဝင်သွားတာကိုသတိပြုမိလိုက်တယ်။​နေ့တိုင်းဆံပင်ချည်ဖို့သုံးတဲ့ဆံထိုးကိုရှာမ​တွေ့​တော့ဘူး။

တကယ်​တော့အဲဒီ့ဆံထိုးကမဖြစ်မ​နေသုံးရမှာ​တော့မဟုတ်​ပါဘူး။ဒီအတိုင်းသုံးရလွယ်ကူတဲ့ပစ္စည်း​တွေရုတ်တရက်မရှိ​​တော့တာကိုပဲကျင့်သားမရနိုင်တာ။မကောင်းတဲ့အ​တွေးတစ်ခုကတဖြည်းဖြည်းပုံ​ပေါ်လာတယ်။​လော့ယင်းဖန်အချိန်တစ်ခု​လောက်​တွေ​ဝေ​နေပြီးမသပ်မရပ်ဖြစ်​နေတဲ့ဆံပင်စုတ်ဖွားနဲ့ပဲအတည်ပြုဖို့အပြင်ထွက်လိုက်တယ်။​သေချာတာ​ပေါ့၊ ချုံဇီပင်လယ်လေးစင်းရဲ့​ဘေးမှာဆံထိုးကိုယူပြီး​ရေထဲဟို​ရွှေ့ဒီ​ရွှေ့နဲ့​ဆော့​နေတာ။

​လော့ယင်းဖန်ငိုရမလားရယ်ရမလား​တောင်မသဲကွဲ​တော့ဘူး။

"ချုံအာ! ချုံအာ!"

ချုံဇီသူ့ကိုကြည့်လိုက်ပြီးအမြန်​ပြေးလာသည်။

"ဆရာ"

"ဆရာ့ပစ္စည်း​တွေကိုဘယ်လိုလုပ်ခွင့်ပြုချက်မရှိဘဲယူသုံးရတာလဲ?"

"............"

​လော့ယင်းဖန်က​လေးနဲ့ပြိုင်ပြီးစိတ်ဆိုးမှာမဟုတ်​ပေမယ့်တပည့်​လေးက​ခေါင်းမာပြီးအ​ဆော့သန်လွန်းတယ်။ဆရာကို​တောင်မျက်လုံးထဲမထည့်ဘူး။အလိုလိုက်လွန်းတာကတပည့်ကိုသွန်သင်တဲ့​နေရာမှာသုံးသင့်တဲ့နည်းလမ်းမဟုတ်ဘူး။​ကောင်း​ကောင်းအပြစ်​ပေးသင့်​နေပြီ။သူ့မျက်နှာကိုတည်လိုက်၏။

"အကြီးကိုရိုသေ​လေးစားမှုမရှိဘူး၊ မင်းကိုဒီ​​နေရာမှာနှစ်နာရီဒူး​ထောက်ဖို့အပြစ်​ပေးတယ်"

ချုံဇီငြိမ်ငြိမ်​လေးဒူး​ထောက်ရုံသာတတ်နိုင်သည်။​လော့ယင်းဖန်​ကျောက်စိမ်းဆံထိုးကိုယူ၍ခန်းမထဲသို့ပြန်ဝင်သွားသည်။ခဏကြာ​သော်အပြင်ဘက်မှငိုသံထွက်လာ၏။

ချုံဇီWhere stories live. Discover now