အခန်း ၆ (​ဒုတိယပိုင်း)

27 3 0
                                    

၂နှစ်အကြာမှာ​ကြီးမားတဲ့တိုးတက်မှုရှိလာ​ပေမယ့်​လော့ယင်းဖန်က​တော့သူမအလျင်လိုပြီးအ​နှေးဖြစ်မှာစိုးရိမ်​နေသည်။ကျင့်ကြံမှုမှာပြဿနာရှိလာခဲ့ရင်မကြာခဏသူမကိုဇီကျူ​တောင်ထွတ်က​​နေလွှတ်ပြီးယွီတုသို့မဟုတ်ရှင်ရွှမ်တို့နဲ့စကား​ပါးခိုင်းသည်။

ဒီ​နေ့ချုံဇီအမိန့်အရယွီတုကိုရှာအပြီးပြန်သွားဖို့လုပ်တုန်းမှာပဲလျို့ဟယ်ခန်းမကိုဖြတ်တဲ့အချိန်ဝမ်လင်​ကျေးနဲ့မ​တော်တဆထပ်​တွေ့ပြန်တယ်။

ဝမ်လင်​ကျေးရဲ့ပင်ကိုစွမ်းရည်ကအစတည်းကမဆိုးဘူး။မင်ယွင်ကျုံးရဲ့တပည့်ဖြစ်လာကတည်းကပိုပြီးပင်ပင်ပန်းပန်းကျင့်ကြံတယ်။မင်ယွင်ကျုံးရဲ့နှစ်သက်မှုရ​အောင်ပိုကြိုးစားလာတယ်။နန်ဟွာတပည့်​တွေအားလုံးလဲသိတယ်။မင်ယွင်ကျုံးကတပည့်ကိုသင်တဲ့​နေရာမှာပြင်းထန်​ပေမယ့်တကယ်​တော့အရှင်​တွေထဲမှာသူ့တပည့်​တွေကိုအကာအကွယ်လွန်တဲ့သူတစ်​ယောက်ပဲ။

ဝမ်လင်​ကျေးကအသက်၁၄နှစ်ရှိ​နေပြီ။အရွယ်​ရောက်လာပြီးအများနဲ့မတူဘဲတမူထူးခြားလှပလာတယ်။ချုံဇီထက်​တော့၂နှစ်ကြီးတယ်။သူမကိုမကြာခဏစကား​တွေနဲ့ခက်ခဲ​အောင်လုပ်ပြီးလှောင်​ပြောင်​ထေ့​ငေါ့တတ်​​သေးတယ်။​သူ့မှော်အစွမ်းကလဲကြာ​လေတိုးပွား​လေဖြစ်ပြီးအပြစ်အနာအဆာကိုမရှိဘူး။ဒါ​ကြောင့်ချုံဇီပုံမှန်​နေ့​တွေဆိုသူနဲ့တတ်နိုင်သ​လောက်​ရှောင်​နေရတယ်။

ဝမ်လင်​ကျေးသူမကို​တွေ့တာနဲ့အသံကျယ်ကျယ်​အော်​ခေါ်လိုက်သည်။

"ချုံဇီ!"

​ရှောင်မရသဖြင့်ရပ်လိုက်ပြီးအရိုအ​သေပြုလိုက်ရသည်။

"ဆရာဦး​လေးကိုနှုတ်ဆက်ပါတယ်"

ဝမ်လင်​ကျေးဘာစကားမှမ​ပြောဘဲ​ခြေ​ထောက်ကို​မြှောက်၍ကန်လိုက်သည်။ချုံဇီ​ရှောင်ဖို့မမှီလိုက်ဘဲ​မြေပြင်​ပေါ်သို့ဒူး​ထောက်လျက်ပြင်းထန်စွာကျသွား၏။

"ဒီတိုင်း​တွေ့တာ​လေးပဲကိုအဲ့​လောက်အရို​သေ​ပေးစရာမလိုပါဘူး"

ပြုံးပြီးဆွဲထူဖို့ဟန်လုပ်လိုက်သည်။

"ဆရာဦး​လေးကနင်တိုးတက်မှုရှိလာလားဆိုတာစမ်းသပ်ကြည့်တာပါ။ မထင်ထားဘူး၊ သင်တာ၂နှစ်ကြာသွားတာ​တောင်ဒုံရင်းကဒုံရင်းပဲ။ ငါကြားတာ​တော့နင်ဓါးကို​တောင်မထိန်းချုပ်တတ်ဘူးဆို၊ တကယ်မှန်​နေတာပဲ။ တုံ့ပြန်တာဒီလို​နှေး​ကွေး​နေတာဝီရိယမရှိမကြိုးစားလို့​ပဲပေါ့"

ချုံဇီWhere stories live. Discover now