အခန်း ၈ (ဇနီး​လေး)

24 2 0
                                    

ချင်းဟွာနန်း​ဆောင်၏အထပ်၉ထပ်မှာ​တောင်၏ပုံသဏ္ဍာန်ကိုလိုက်၍တည်​​ဆောက်ထားခြင်းဖြစ်ပြီး​​ခြေလှမ်း၉လှမ်းနှင့်ပင်တူ​နေသည်။တောင်ထိပ်ကို​ရောက်သည်အထိအထပ်တိုင်းမှာလွန်စွာခမ်းနားလှ​သည်။သူမလော့ယင်း​ဖန်​နောက်လိုက်ပြီးသင်ယူခဲ့တာ၂နှစ်ကြာပြီဖြစ်​သော​ကြောင့်စာလုံး​တော်​တော်များများကိုလည်းသိပြီး​နေပြီ။သို့​သော်အဓိကခန်းမ​နှင့်အရံခန်းမ​​များ၏အမည်​များကများပြားလွန်းသဖြင့်အ​ရေအတွက်ကိုသာမှတ်သား၍တစ်ထပ်ချင်းစီတက်သွားသည်။ပထမ၊ဒုတိယ၊တတိယအထပ်​ရှိခန်းမ​အားလုံးမှာဧည့်သည်လက်ခံဖို့အတွက်စီစဥ်ထားခြင်းဖြစ်သည်။

တတိယအထပ်၏အဓိကခန်းမ​အတွင်းတွင်ထူးခြား​သောအဆင့်အတန်းရှိသည့်ဧည့်သည်​​​တော်များထိုင်​နေကြသည်။လက်ဖက်ရည်​သောက်ပြီးစကား​ပြော​နေကြသည်မှာစည်ကားလှ၏။သာမန်လူသားများရှိသလိုမ​သေမျိုးနတ်​များလဲရှိသည်။သူတို့အထဲတွင်အများစုကဂိုဏ်းချုပ်များနှင့်ဦး​ဆောင်သူပထမတပည့်များဖြစ်သည်။

မ​သေမျိုးဂိုဏ်းရှိလူများမှာဂုဏ်အဆင့်အတန်းကိုသက်​သေပြဖို့အတွက်မှော်လက်နက်များမကြာခဏအသုံးပြုကြသည်။ခါး၌ဓါးရှည်ချိတ်ထားသူများနှင့်ချွန်ထက်​သောလက်နက်ကိုကိုင်ထားသူများကမ​သေမျိုးဓါးဂိုဏ်းဖြစ်ပြီးဓါးရှည်မချိတ်ထားသူများက​မန္တာန်ဂိုဏ်းဖြစ်သည်။အချို့ချွင်းချက်ရှိသူများလဲရှိ၏။ဥပမာအားဖြင့်မ​သေမျိုးဓါးဂိုဏ်းမှရှင်ရွှမ်ကားဓါးမရှိ​​ချေ။မန္တာန်ဂိုဏ်းထဲတွင်စွမ်းအင်ပုလဲလုံးကိုင်​ဆောင်သူများပါဝင်သည်။

ချုံဟွာအရှင်​ရောက်ရှိ​ကြောင်းကြား၍ပရိတ်သတ်များ​ထကာကြိုဆိုကြ​​လေသည်။​လော့ယင်းဖန်စကားအနည်းငယ်ပြန်လည်​​ဖြေကြားပြီး​နောက်ကျော်​​ယောက်သူ့ကို​ခေါ်ကာအထဲသို့ဝင်လာခဲ့သည်။အ​နောက်တံခါးမှထွက်ကာ​​လေးထပ်​မြောက်ခန်းမ​ရှေ့​ကိုရောက်သည်အထိကျောက်​လှေကားများအတိုင်းတက်လာခဲ့ကြသည်။

အပြင်ဘက်​၌စောင့်ကြပ်​နေ​ကြသောဂိုဏ်းသားများလဲကျောက်​ယောက်နဲ့​လော့ယင်းဖန်ကိုမြင်သည်နှင့်အရိုအ​သေပြုလိုက်ကြ၏။​လေးထပ်​​မြောက်တွင်လူနှစ်​ယောက်သာရှိ​လေသည်။အသက်၃၀ခန့်ရှိ​သောမ​သေမျိုးအကြီးအကဲတစ်​ယောက်ခုံ​ပေါ်တွင်ထိုင်​နေ၏။ပူပန်​သောအမူအရာရှိပြီးလက်ဖက်ရည်​သောက်လိုတဲ့စိတ်အ​ခြေအ​နေလဲရှိမ​နေ​ပေ။သူ့​အနောက်ဘက်တွင်တပည့်ဂိုဏ်းသားတစ်​ယောက်တိတ်တိတ်ဆိတ်ဆိတ်ရပ်​နေ၏။

ချုံဇီWhere stories live. Discover now