146 - 150

114 4 0
                                    

အပိုင်း(၁၄၆) အဂ္ဂိရိတ်ပညာရှင်များရောက်လာခြင်

ရုတ်တရက်ဆိုသလိုပဲ လူတစ်ယောက် အော်ဟစ်လိုက်သည်။

“ခင်ဗျား... ခင်ဗျားက အသင်္ချေရတနာစတိုးဆိုင်ရဲ့ လမ်းစဥ်ခြောက်သွယ်သိုင်းဧကရာဇ် ရင်ကျောက်ယန်ပဲ!”

“ဘာ! သူက ရင်ကျောက်ယန်လား”

“သေစမ်း! လမ်းစဥ်ခြောက်သွယ်မဟာသိုင်းဧကရာဇ်ကြီးဟ”

“အသင်္ချေရတနာစတိုးဆိုင်က ဘာဖြစ်လို့ဝင်ပါရတာလဲ”

“လေလံပွဲမှာ မြို့တော်ဝန်က အလေးပေးခံရတာ မအံ့သြတော့ပါဘူး”

ရင်ကျောက်ယန်၏မျက်နှာထားက ပြောင်းလဲသွားသည်။

သူက တခြားလူများသိသွားမှာကို မလိုချင်ပေ ထို့အပြင် သူက ယန်ဝူနဲ့တစ်ဖက်တည်းရှိနေသည်ဟု သူတို့အားလုံးထင်နေကြသည်။

သူ့မျက်နှာထားက မည်းမှောင်သွားသည် ဤသတင်း ပျံ့နှံ့သွားလျှင် ကျိုးမိသားစုနဲ့ချမ်မိသားစုက သူ့ကို လွှတ်ပေးမှာမဟုတ်ပေ။

“ဟမ့်! မင်းတို့လိုအမှိုက်တွေက စစ်သည်တော်တွေအတွက် ဂုဏ်သိက္ခာကျစရာပဲ!”

သူ့မှာ တခြားရွေးချယ်စရာမရှိတော့ပေ ချီဓားသွားတစ်ခုက သူ့လက်ထဲမှာပေါ်လာပြီး ပစ်လွှတ်လိုက်သည်။

ထိုဓားက ထောင်ချီနေသောအလင်းတန်းများအဖြစ်ပြောင်းလဲသွားပြီး လူအုပ်ထဲသို့တိုးဝင်သွားသည်။

‘ဒီလူတွေအားလုံးကိုသတ်ပြီးရင် ငါက လီယွင်ရှောင်နဲ့ဝေးဝေးနေပြီး သူ့ထောင်ချောက်ထဲ ကျမသွားအောင် ဂရုစိုက်ရမယ်’

“အား!”

စိတ်မချမ်းမြေ့စရာအော်သံများက လေထုထဲမှာ ပြည့်နှက်သွားသည်။

ထိုလူများက ခုခံဖို့ကြိုးစားပေမဲ့ လမ်းစဥ်ခြောက်သွယ်မဟာသိုင်းဧကရာဇ်နဲ့ မယှဉ်နိုင်ပေ။

အများစုက မတုံ့ပြန်နိုင်ပဲ အသတ်ခံလိုက်ရသည်။

မြေပြင်ပေါ်တွင် ပျက်စီးနေသေခန္ဓာကိုယ်အပိုင်းအစများနှင့်ပြည့်သွားသည်။

ထာ၀ရနတ်ဘုရား အရှင်သခင် ( လီယွမ်ရှောင် ) Ongoing မှီWhere stories live. Discover now