91 - 95

123 3 0
                                    

အပိုင်း(၉၁) ပြင်းထန်သောတိုက်ပွဲ

စန်းလီချွင်က လေအေးတစ်ချက်ရှူသွင်းလိုက်ပြီး ထိတ်လန့်စွာဖြင့် စစ်ရထားပေါ်မှ ထရပ်လိုက်သည်။

ထိုအချိန်မှ ယွင်ရှောင်၏လူနှစ်ထောင်စစ်တပ်ဟာ စစ်သည်တော်များနဲ့ဖွဲ့စည်းထားကြောင်း သူသတိထားမိလိုက်သည်။

ထိုသို့သန်မာသောတပ်ဖွဲ့မျိုးကို ထျန်းရှီးပြည်နယ်၏စစ်တပ်တွင် သူတစ်ခါမှမမြင်ဖူးပေ။

‘ဒီလိုစစ်တပ်မျိုး ဘယ်မှာရှိလို့လဲ။

ဘာဖြစ်နေတာလဲ’

သူက အံ့အားသင့်သွားပေမဲ့လည်း မကြာခင်မှာပဲ ပြန်လည်တည်ငြိမ်သွားသည်။

စစ်သည်တော်တစ်ယောက်က သန်မာပေမဲ့လည်း အများဆုံး စစ်သားတစ်ရာခန့်ကိုပဲ တိုက်ခိုက်နိုင်လိမ့်မည်။

သူ့ဘက်မှာ လူလေးသိန်းရှိနေပြီး သူတို့ကိုဝိုင်းထားသောကြောင့် လွတ်မြောက်ဖို့မဖြစ်နိုင်ပေ။

သို့ပေမဲ့ သူက လူအုပ်နည်းဗျူဟာကို အသုံးချလျှင် ရှုံးဆုံးမှုကြီးမားနေလိမ့်မည်။

ထို့ကြောင့် သူတုံ့ဆိုင်းနေမိသည်။

ယွင်ရှောင်က လက်မြှောက်လိုက်ပြီး အော်ဟစ်လိုက်သည်။ “ကောင်းတယ်! အခု သတ်ဖြတ်ခြင်းလေထုကျမ်းစာအတိုင်း စတုရန်းပုံဖော်ပြီး တောင်ဘက်ကနေ ဖောက်ထွက်မယ်!”

“နားလည်ပါပြီ!”

ရန်သူအချို့ကို သတ်ဖြတ်ပြီးသွားသောအခါတွင် ကျောင်းသားများက ယုံကြည်ချက်တိုးလာသည်။

သတ်ဖြတ်ခြင်းလေထု၏အောက်တွင် သူတို့၏မျက်လုံးများက သတ်ဖြတ်လိုစိတ်များ၊ သွေးဆာမှုများနဲ့ပြည့်လာသည်။

သူတို့အားလုံးက စတုရန်းပုံဖော်လိုက်ကြသည်။

သူတို့၏အပေါ်တွင် ခရမ်းရင့်ရောင်မိုးတိမ်များပေါ်ထွက်လာပြီး လက်ချောင်းပုံစံဖြစ်လာသည်။

“အဲ့ဒါက ဘာလဲ!”

စန်းလီချွင်က မျက်လုံးပြူးသွားသည်။

ကြောက်စရာကောင်းလှသောသတ်ဖြတ်လိုစိတ်ကြောင့် သူက နှလုံးခုန်မြန်လာသည်။

ထာ၀ရနတ်ဘုရား အရှင်သခင် ( လီယွမ်ရှောင် ) Ongoing မှီWhere stories live. Discover now