56 - 60

161 6 0
                                    

အပိုင်း(၅၆) တတိယအဆင့်အဂ္ဂိရိတ် ပညာရှင်လေးလား

လီချွန်းယန်၏မျက်လုံးများက ယွင်ရှောင်ကို သူသိသောလူတစ်ယောက် မဟုတ်သကဲ့သို ကြည့်လိုက်မိသည်။

သူ့မျက်လုံးထဲတွင် ထိတ်လန့်မှုများရှိနေသည်။

သူက ယွင်ရှောင်ကို အချိန်အတော်ကြာအောင်ကြည့်နေပြီး ရယ်မောလိုက်သည်။

“ဟား...ဟား....ဟား "

နောက်ဆုံးမှာတော့ လီမိသားစုမှာ ထိုက်တန်တဲ့ဆက်ခံသူရှိလာခဲ့ပြီ။

ကောင်လေး၊ မင်းက တကယ့်ကိုဟန်ဆောင်ကောင်းတာပဲ။

ထျန်းရှီ ပြည်နယ်တစ်ခုလုံးကို အရူးလုပ်ခဲ့ရုံတင်မကဘူး ငါ့ကိုတောင် မင်းကဘာမှအသုံးမဝင်ဘူးလို့တွေးမိအောင် လုပ်နိုင်တယ်။

ခွေးကောင်လေး"

မင်းက ဘာဖြစ်လို့ငါ့ကို လိမ်ညာခဲ့တာလဲ”

သူက ဆဲလိုက်ပေမဲ့လည်း သူ့မျက်နှာပေါ်တွင် ပျော်ရွှင်မှုများနဲ့ စိတ်လှုပ်ရှားမှုများရှိနေပြီး ရီဝေနေသော သူ့၏မျက်လုံးထဲတွင် မျက်ရည်များတောင်ရှိနေသည်။

သူက ခဏလောက်စိတ်ကျေနပ်အောင် ဆဲပြီးသွားသောအခါတွင် ခံစားချက်ကောင်းသွားပုံရပြီး ဆက်ပြောလိုက်သည်။

“မင်းပြောတဲ့နှစ်ချက် အပြင် ငါ့မှာ နောက်ထပ်ရည်ရွယ်ချက်တစ်ခုရှိသေးတယ်"

ငါမရှိတော့တဲ့အခါမှာ မိသားစုအတွက် ခေါင်းဆောင်ကောင်းတစ်ယောက် ရှာပေးဖို့ပဲ။

ရလဒ်ကတော့ .... ငါ့ကို တကယ် စိတ်ပျက်သွားစေတယ်"

မင်းအဖေက တိတ်တိတ်လေးတစ်ခါပြန်လာပြီး ငါ့ကိုတွေ့ပြီးသွားတဲ့အခါမှာ အေးအေးဆေးဆေးပြန်သွားတယ်။

တခြားလူတွေထဲမှာတော့ မင်းရဲ့စတုတ္ထဦးလေးကပဲ နည်းနည်းအသုံးဝင်တယ်။

ဒါပေမဲ့ သူကလည်း .... အိုက်ရား..... စိတ်ပျက်စရာပဲ”

သူ့မျက်လုံးများ၏ တောက်ပလာပြီး ပျော်ရွှင်စွာပြောလိုက်သည်။

“ဒါပေမဲ့ အခုတော့မတူတော့ဘူး။ မင်းရဲ့လုပ်ဆောင်ချက်တွေက ငါခန့်မှန်းထားတာထက်ကျော်လွန်နေတယ်။

ထာ၀ရနတ်ဘုရား အရှင်သခင် ( လီယွမ်ရှောင် ) Ongoing မှီWhere stories live. Discover now