111 - 115

110 8 0
                                    

အပိုင်း(၁၁၁) ဆရာယွင်ရှောင်

ဟန်ချောင်းဖန့်က ခပ်ဟဟရယ်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။

“အဲ့ဒါက ကျွန်တော့်တို့ကောင်လေး ယွင်ရှောင်ဖြစ်ချင်ဖြစ်နေမှာ”

ချန်လင်းက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

“ဒီလိုအချိန်မှာတောင် မင်းတို့နှစ်ယောက်က စနောက်နိုင်နေတာကို ငါမယုံနိုင်သေးဘူး”

လောယွင်ရှန်းက ထိတ်လန့်သွားပြီး ယွင်ရှောင်ကို အံ့အားသင့်စွာကြည့်လိုက်သည်။

ကျန်းချင်းဖန်နဲ့ရှုဟန်တို့ပြောနေသောဆရာက အသက်၁၅နှစ်အရွယ်ကောင်လေးတစ်ယောက် ဖြစ်နေတာကို သူမနဲ့ကျားရုံက သိနေသည်။

ယခု နာမည်ထုတ်ပြောပြီး အခေါ်ခံလိုက်ရသောကြောင့် လီယွင်‌ေရှာင်က တိတ်တိတ်လေးဆက်နေလို့မရတော့ပေ။

သူက မြင်းပေါ်မှခုန်ဆင်းလိုက်ပြီး လူအုပ်၏အကြည့်အောက်မှာ စင်မြင့်ပေါ်သို့ တက်သွားသည်။

သူက အပြုံးတစ်ခုနဲ့အတူ ပြောလိုက်သည်။

“ကျွန်တော်က ခင်ဗျားတို့ကို နည်းနည်းလောက်ပဲ အကြံပေးလိုက်တာပါ။

ခင်ဗျားတို့အဆင့်တက်နိုင်တာက လုံလောက်တဲ့အတွေ့အကြုံတွေ စုဆောင်းထားလို့ပဲ။

ခင်ဗျားတို့က ကျွန်တော့်ကို ကျေးဇူးတင်စရာမလိုပါဘူး”

ယွင်ရှောင်!

ဆရာယွင်ရှောင်!

လူတိုင်းက ပါးစပ်အဟောင်းသားဖြစ်သွားသည်။

“ယွင်ရှောင်နာမည်ရှိနေတဲ့လူတိုင်းက ဆရာယွင်ရှောင်လို့ သူထင်နေတာလား။

ဒီကောင်လေးက ဘာလို့အဲ့လောက်ရဲတင်းပြီး သူ့ကိုယ်သူ ဆရာယွင်ရှောင်လို့ ပြောရဲရတာလဲ။

သူက သေရမှာကို တကယ်နားမလည်ဘူးပဲ”

အစပိုင်းမှာ ချင်ယန်က ကြောင်အသွားပေမဲ့ နောက်ပိုင်းတွင် လှောင်ပြောင်သောအပြုံးတစ်ခုနဲ့အတူ ရယ်ချင်လာသည်။

တစ်ချိန်တည်းမှာပဲ လီချွန်းယန်၏မျက်နှာထားက ပြောင်းလဲသွားပြီး နက်ရှိုင်းသောအသံနဲ့ အော်ဟစ်လိုက်သည်။

ထာ၀ရနတ်ဘုရား အရှင်သခင် ( လီယွမ်ရှောင် ) Ongoing မှီWhere stories live. Discover now