1 - 5

849 17 0
                                    

ထာ၀ရနတ်ဘုရားအရှင်သခင်
--------------------------------------------
မူရင်းအာသာ -Taiyi Shengshui

Chapter (1)ပြန်လည်မွေးဖွားလာခြင်း
__________________________________________________

လီယွင်ရှောင်သည် အခြားလူတစ်ဦးဖြစ်နေသကဲ့သို့ စိတ်ထဲ၌ ပုံရိပ်များ ပေါ်လာခြင်းကိုမူးဝေမတတ် မြင်နေရသည်။
ရံဖန်ရံခါတွင် ဝက်ရူးပြန်သွားသည့်နှယ် အော်ဟစ်ပြီး ငိုကြွေးသည့်အပြင် သူရူးပမာ ရယ်လည်း ရယ်နေတတ်သည်။

ပိုထူးဆန်းသည်ကား လီယွင်ရှောင်၏ စိတ်ထဲတွင် နားလည်ရခက်သော ကျမ်းဂန်တစ်ခုကို ရွတ်နေသည့် အသံတစ်သံကို အမြဲတမ်း ကြားနေရသည်။၎င်းကို အာရုံစိုက်၍ နားထောင်ကြည့်ရာဝယ် ကျင့်စဥ်တစ်ခုနှင့် ဆင်တူပြီး များမကြာမီတွင် လီယွင်ရှောင်၏ ခန္ဓာကိုယ်လည်း အလိုအလျောက် ယိမ်းထိုးသွားရလေတော့သည်။ရူးသွပ်သွားလေလေ ဦးနှောက်ထဲ၌ ပြန့်ကြဲနေသော အပိုင်းအစများဟာ ပိုရှင်းလာလေလေပင်။

နောက်ဆုံးတွင် ညှဥ်းဆဲခံရခြင်းမှ လွတ်မြောက်ရာဖြစ်သော သေဆုံးခြင်းလမ်းသို့ ရောက်ရှိခဲ့သည်။သူ ပြန်နိုးလာချိန်တွင် ပြန့်ကြဲနေသော အပိုင်းအစများဟာ တစ်သားတည်း ချိတ်ဆက်သွားပြီး စိတ်အာရုံ၌ ပေါ်လာခဲ့သည်။လီယွင်ရှောင်၏ မျက်လုံးများဟာ ကောင်းကင်ယံတွင် တလက်လက် တောက်ပနေသော ကြယ်အစုအဝေးကဲ့သို့ ဖြည်းဖြည်းချင်း ကြည်လင်လာခဲ့သည်။ နောက်ဆုံးတွင် သူနိုးလာခဲ့ချေပြီ။

ဟမ်! ငါ ပြန်မွေးဖွားလာတာလား?

လီယွင်ရှောင်၏ မျက်လုံးများသည် ပြတင်းပေါက်မှတဆင့် မြင်နေရသော တိမ်တိုက်များကို ထိုးထွင်းတော့မည့်အလား မြင့်မားလှသည့် ရုပ်တုကြီးကို လှမ်းကြည့်လိုက်သည်။

ကောင်းကင်ဘုံပြက္ခဒိန်ရဲ့ သက္ကရာဇ်၁၀၃၃ခု နှစ် ငါ...ကူဖေးယန်.. သေသွားတာ ဆယ့်ငါးနှစ်တောင်ရှိပြီ!?

လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က- ကောင်းကင်သိုင်းပညာအဆင့်၏ ထိပ်တန်း သိုင်းပညာရှင် ဆယ်ဦးအနက်မှ တစ်ဦးဖြစ်သော သိုင်းဧကရာဇ် ကူဖေးယန်သည် ကောင်းကင်တောင်တန်းများအကြားတွင် မတော်တဆ ကွယ်လွန်သွားခြင်းကြောင့် ပြည်နယ်တစ်ဝှမ်းလုံးကို တုန်လှုပ်စေခဲ့သည်။ထိုအချိန်မှစ၍ အင်အားကြီး ပြည်နယ်များအကြား အားပြိုင်ဆိုင်မှု ပြင်းထန်လာပြီး ပဋိပက္ခအမျိုးမျိုးဖြစ်ခဲ့သည်။ယခုတွင်မူ နှစ်ပေါင်းရာနှင့်ချီကြာအောင် တိတ်ဆိတ်နေခဲ့သော ကောင်းကင်ဘုံပြည်နယ်ဟာ တစ်ဖန် နိုးထလာခဲ့ချေပြီ။

ထာ၀ရနတ်ဘုရား အရှင်သခင် ( လီယွမ်ရှောင် ) Ongoing မှီWhere stories live. Discover now