116 - 119

127 9 0
                                    

အပိုင်း(၁၁၆) အတုအယောင်အဆင့်လေး

ယွင်ရှောင်က နဖူးပေါ်ရှိချွေးများကိုသုတ်လိုက်ပြီး အပြုံးတစ်ခုနဲ့အတူ ဆေးလုံးကိုကိုင်ထားသည်။

“ဆရာယွမ်ဟောင်က အကဲဖြတ်ဒိုင်ပဲ။ ဆရာ့ကို ကြည့်ခိုင်းရမှာပေါ့”

လုံးဝိုင်းနေသောဆေးလုံးက ယွမ်ဟောင်၏လက်ထဲသို့ရောက်သွားသည်။

သူက ဆေးနှစ်လုံးကို သေချာလေ့လာကြည့်နေသည်။ ဆေးလုံး၏အရောင်နဲ့အရွယ်အစားက တူညီလုနီးပါးဖြစ်နေသည်။

သို့ပေမဲ့ မတူညီသောအရာတစ်ခု ရှိနေသေးသည်။

စွင်းကျန့်ကျုံး၏ဆေးလုံးပေါ်တွင် အပြာနုရောင်မျဉ်းတစ်ကြောင်းရှိနေပေမဲ့ ယွင်ရှောင်၏ဆေးလုံးပေါ်မှာ အပြာရောင်နဲ့ အနီရောင်မျဉ်းနှစ်ကြောင်းရှိနေသည်။

ဆေးလုံးများကိုနှိုင်းယှဉ်ကြည့်ပြီးသွားသောအခါတွင်ယွမ်ဟောင်က မနေနိုင်တော့ဘဲ မေးလိုက်သည်။

“ဆရာယွင်ရှောင်ရဲ့ဆေးလုံးမှာ ဘာဖြစ်လို့ မျဉ်းကြောင်းနှစ်ကြောင်းရှိနေရတာလဲ။

ပြီးတော့ မိုးကြိုးကပ်ဘေးက ဘယ်လိုဖြစ်လာတာလဲ။ သာမန်မိုးကြိုးကပ်ဘေးတွေက ဒီလောက်အားမနည်းဘူးလားလို့”

သူက မသိလိုက်ဘဲ ယွင်ရှောင်ကို ဆရာယွင်ရှောင်ဟု ခေါ်မိနေသည်။

ထိုစကားလုံးကိုကြားလိုက်ရသောကြောင့် စွင်းကျန့်ကျုံးက စိတ်မသက်မသာဖြစ်သွားသည်။

“အိုး မိုးကြိုးကပ်ဘေးနဲ့ပတ်သတ်ပြီး ကျွန်တော်လည်းမသိဘူးရယ်။

အမှန်အတိုင်းပြောရရင် ကျွန်တော်က တတိယအဆင့်ဆေးလုံးကို ပထမဆုံးသန့်စင်ဖူးတာပဲ!”

“ဘာ! ပထမဆုံးအကြိမ်လား!”

လူတိုင်းက ထိတ်လန့်ပြီး နားမလည်နိုင်ဖြစ်သွားသည်။

ယွမ်ဟောင်က ကျန်းချင်းဖန်ကိုလှည့်ကြည့်လိုက်သောအခါတွင် တစ်ဖက်လူက အတည်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

မယုံကြည်နိုင်စရာကောင်းလှသောထိုအချက်ကြောင့် ယွမ်ဟောင်က ခေါင်းမူးသွားသည်။

ထာ၀ရနတ်ဘုရား အရှင်သခင် ( လီယွမ်ရှောင် ) Ongoing မှီजहाँ कहानियाँ रहती हैं। अभी खोजें