31 - 35

154 7 0
                                    

အပိုင်း(၃၁) ညှင်းပန်းနှိပ်စက်မှု

“မုန့်ဝူ၊ အဲ့ဒီနေ့တုန်းက ဘာဖြစ်ခဲ့လဲဆိုတာ ငါတို့ကိုပြန်ပြောပြဦး” ယွင်ရှန်းက ပေါ့ပါးစွာပြောလိုက်သည်။

မုန့်ဝူက မဝံ့မရဲနဲ့ လူအုပ်ထဲမှထွက်လာပြီး လူအများ၏ ရှေ့မှာ ထိုနေ့တွင်ဖြစ်ခဲ့သောအကြောင်းအရာများကို သေသေချာချာပြောပြလိုက်သည်။

ကျွင်းလျန့်က သူမကို ကိုယ်ထိလက်ရောက်စော်ကားဖို့ ကြိုးစားခဲ့သောအချိန်မှစ၍ ယွင်ရှောင်က သူမကို လာကယ်ခဲ့ကြောင်း ထို့နောက် ပြည်နယ်စောင့်ရှောက်သူများကြောင့် ယွင်ရှောင်ဒဏ်ရာရသွားပြီး လုံဟောက်၏ဖမ်းဆီသွားခြင်းကို ခံလိုက်ရကြောင်း ပြောပြလိုက်သည်။

သူမက အသေးစိတ်အချက်အလက်တိုင်းကို ရှင်းလင်းစွာပြောပြခဲ့သည်။

လူအုပ်ထဲမှာရှိနေသောကျားရုံက ချွေးအေးများထွက်လာသည်။

ထိုအဖြစ်အပျက်က သူတပည့်တစ်ယောက်ကြောင့် ဖြစ်သွားသည်ကို သူမယုံနိုင်သေးပေ။

ကျွင်းလျန့်က သူ့သင်ခန်းစာများကို မကြာခဏတက်ရောက်ဖူးပြီး သူ့တပည့်တစ်ယောက်အဖြစ် ခံယူခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ သူက များများစားစားမတွေးတော့ပဲ ကျွင်းလျန့်ကို အမည်ခံတပည့်အဖြစ် လက်ခံခဲ့သည်။

ယခုအချိန်မှာတော့ သူက သူ့ကိုယ်သူ အချိန်နောက်ပြန်ဆုတ်နိုင်ဖ်ု့ ဆုတောင်းနေမိသည်။

အဖြစ်အပျက်များက ဤကဲ့သို့ဖြစ်သွားလိမ့်မည်ဟု သူထင်မထားခဲ့ပေ။

မုန့်ဝူပြောပြီးသွားသောအခါတွင် ကျန့်ချင်းဖန်က အေးစက်စွာပြောလိုက်သည်။

“သခင်လုံ၊ သူမပြောလိုက်တာကို မင်းကြားတယ်မဟုတ်လား။

ငါတို့က ခြံဝိုင်းတစ်ခုလုံးကို ယာယီပိတ်ဆို့ထားမယ်။

ငါတို့က မင်းကို မှားယွင်းစွပ်စွဲမိတယ်ဆိုရင် ငါကိုယ်တိုင် သခင်လုံကိုတောင်းပန်မဲ့အပြင်ဖြစ်လာသမျှပြသနာ တိုင်းအတွက် တာ၀န်ယူမယ်”

သူအချက်ပြလိုက်တာနဲ့အတူ ကျန်ချင်းဖန်ခေါ်လာသောလူများက လူစုခွဲလိုက်ကြပြီး ရှာဖွေလိုက်ကြသည်။

ထာ၀ရနတ်ဘုရား အရှင်သခင် ( လီယွမ်ရှောင် ) Ongoing မှီWhere stories live. Discover now