36 - 40

162 6 0
                                    

အပိုင်း(၃၆) တပည့်တစ်ယောက်လက်ခံခြင်း

“ဒီအဆင့်နိမ့်အဆိပ်လေးက ငါ့ကိုတိုက်စားချင်တယ်ပေါ့။

ဟမ့်!

ကောင်းကင်နဲ့မြေကြီးအောက်က ကံကြမ္မာရဲ့ချီတစ်မျှင်!”

ယွင်ရှောင်က နှလုံးသားထဲမှာ အော်ဟစ်လိုက်သောအခါတွင် သူ့ဒန်တျန်ထဲမှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သွေးကြောစုံမှတ် ခုနစ်ခုဆီသို့ တိုးဝင်သွားသည်။

ရုတ်တရက်ဆိုသလိုပဲ ချီစွမ်းအင် အလင်းတန်းခုနစ်ခုက ခေါင်းမှခြေဖျားအထိထွက်ပေါ်လာပြီး ရွှေရောင်အလင်းတန်းနဲ့ မျဉ်းကြောင်းတစ်ခုအဖြစ် ချိတ်ဆက်သွားသည်။

ယွင်ရှောင် ကိုလွှမ်းခြုံနေသော အဆိပ်ငွေ့များက လျင်မြန်စွာကျုံ့ဝင်သွားပြီး သူ့အသားအရေကလည်း ပုံမှန် အတိုင်းဖြစ်သွားသည်။

မုန့်ဝူက အငိုရပ်သွားပြီး ယွင်ရှောင်၏ပြောင်းလဲမှုနဲ့ သူ့မမောင်လေး၏ ပြန်လည်ကောင်းမွန်လာသောအသားအရေကို ကြောင်အစွာ ကြည့်နေမိသည်။

မကြာခင်မှာပဲ သူမ၏နှလုံးသားထဲတွင် ပျော်ရွှင်မှုများနဲ့ ပြည့်သွားသည်။

အနက်ရောင်အဆိပ်ငွေ့များက အလုံးတစ်ခုအဖြစ် ယွင်ရှောင်၏ဖိနှိပ်ခြင်းကို ခံလိုက်ရပြီး ချီပင်လယ်ထဲသို့ အပို့ခံလိုက်ရသည်။

အဆိပ်ငွေ့များ၏ပမာဏက ဆက်တိုက်တိုးလာနေပေမဲ့ သူ့ဒန်တျန်ထဲမှာရှိနေသော ကနဦးချီများ လည်ပတ်လာပြီး ထိုအဆိပ်ငွေ့များကို အသန့်စင်ဆုံးစွမ်းအင်အဖြစ်ပြောင်းလဲလိုက်ကာ သူ့၏ချီပင်လယ်ကိုအား ဖြည့်ပေးလိုက်သည်။

“ဒါက အစစ်အမှန်မွေးရာပါစွမ်းအင်ပဲ!

ကျစ် ကျစ်!

ငါတော့ ကောင်းချီးပေးခံရတာပဲ!”

ယွင်ရှောင်၏နှလုံးသားထဲတွင် ပျော်ရွှင်မှုများနဲ့ပြည့်နေပြီး အရူးအမူးစုပ်ယူနေသည်။

စစ်သည်တော်များ၏ကျင့်ကြံခြင်းက ကောင်းကင်နဲ့မြေကြီးကြားမှာရှိသော ချီစွမ်းအင်များကို ကိုယ်ပိုင်အသုံးချဖို့အတွက်စုပ်ယူပြီး ချီပင်လယ်ကိုအားဖြည့်ကာ ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်ရခြင်းဖြစ်သည်။

ထာ၀ရနတ်ဘုရား အရှင်သခင် ( လီယွမ်ရှောင် ) Ongoing မှီWhere stories live. Discover now