167 - 168

113 6 0
                                    

အပိုင်း(၁၆၇) သူအဆင်ပြေရင် အားလုံးအဆင်ပြေတယ်

“ဟိုမှာ မြန်မြန်လေး!”

ကျားဟိန်းသံကြောင့် ပတ်ဝန်းကျင်မှာရှိနေသောတပည့်များက ကြောင်အသွားသည်။

ဒါဇင်ချီနေသောလူများက ချက်ချင်းပြေးလာသည်။ တစ်ချိန်တည်းမှာပဲ လူရိပ်များက သူတို့အပေါ်မှ ဖြတ်ပျံသွားသည်။

“အဲ့ဒါက နန်းတော်သခင်နဲ့ တခြားလူတွေပဲ! သူတို့နောက်ကို လိုက်သွားရအောင်!”

အစပိုင်းမှာတော့ ရန်သူက သန်မာလွန်းနေမည်ကို တပည့်များက စိုးရိမ်နေခဲ့သည်။

သို့ပေမဲ့ နန်းတော်သခင်နှစ်ယောက်ကို မြင်လိုက်ရ‌သောအခါတွင် ယုံကြည်မှုများတိုးသွားပြီး ကြမ်းတမ်းစွာပြေးဝင်သွားကြသည်။

သူတို့တွေ ပြေးနေသောအချိန်မှာ ချီစွမ်းအင်အပြည့်နှင့်ဒေါသတကြီးအော်သံတစ်ခုက ပျံ့နှံ့လာခဲ့သည်။ သူတို့က နောက်သို့လွင့်စင်သွားပြီး သွေးအန်လိုက်ရသည်။

“ရှင်းယန်မင်! မင်းကိုသတ်ပစ်မယ်လို့ကျိန်တယ်!”

ယွင်ရှောင်က ကျားဘုရင်ရထားလုံးပျံနဲ့ မိုင်ရာချီအကွာသို့ ရောက်သွားပြီဖြစ်သည်။

သူက ဤခရီးမှာ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်နိုင်ခဲ့သည်။

သူက အထွတ်အထိပ်နန်းတော်၏ ပစ္စည်းများအားလုံးကို ခိုးယူနိုင်ခဲ့ရုံတင်မကဘဲ ရှင်းယန်မိသားစုအပေါ်မှာ အရာအားလုံးကို အပြစ်တင်နိုင်ခဲ့သည်။

“ရှင်းယန်ခွင်း! မင်းက ငါ့လူတစ်ယောက်ကိုသတ်ခဲ့တယ်။ ငါက မင်းတစ်မိသားစုလုံးကို သတ်မယ်!”

မကောင်းဆိုးဝါးဆန်လှသောသတ်ဖြတ်လိုစိတ်များက သူ့ခန္ဓာကိုယ်မှပေါ်ထွက်လာသည်။ တစ်ချိန်တည်းမှာပဲ ခရမ်းရောင်တိမ်တိုက်များက ရထားလုံးပျံပတ်လည်မှာ လှုပ်ရှားသွားကြသည်။

ယန်ဝူသို့ပြန်လာသောအခါတွင် ယွင်ရှောင်က နတ်ဘုရား လေဟာနယ်ကျောက်ပြားထဲသို့ ဝင်သွားသည်။

သူက မဟာသိုင်းဆရာအဖြစ် အဆင့်တက်သွားဖို့ အချိန်တစ်ရက်ပဲ ယူလိုက်ရသည်။

You've reached the end of published parts.

⏰ Last updated: Feb 05 ⏰

Add this story to your Library to get notified about new parts!

ထာ၀ရနတ်ဘုရား အရှင်သခင် ( လီယွမ်ရှောင် ) Ongoing မှီWhere stories live. Discover now