141 - 145

157 6 0
                                    

Paid(အပိုင်း-၂၇၅)

အပိုင်း(၁၄၁) တောအုပ်ကိုတုန်ခါသွားစေသောကျားဟိန်းသံ

“သိုင်းသခင်နှစ်ယောက်လား!”

ရှစ်လွေတက အစပိုင်းမှာထိတ်လန့်သွားပေမဲ့ သူတို့၏ကျင့်ကြံဆင့်ကို မြင်လိုက်ရသောအခါတွင် စိတ်အေးသွားသည်။

ထို့အပြင် သူက အစီအရင်ထဲမှာပိတ်မိနေသော်လည်း တိုက်ခိုက်မှုကို မခံစားရသလို အားနည်းသွားခြင်းလည်းမရှိ‌ပေ။

ရှစ်လွေတ ဒေါပွပြီး အော်ဟစ်လိုက်သည်“မင်းတို့က သေချင်နေတာပဲ!”

သူ့အဝတ်အစားများက ရုတ်ချည်းပေါက်ကွဲသွားပြီး ချီစွမ်းအင်အလုံးများကို ကျည်ဆန်များကဲ့သို့ အရပ်မျက်နှာအနှံ့ကို ပစ်လွှတ်လိုက်သည်။

ဘမ်း! ဘမ်း! ဘမ်း!

ထိုချီများအားလုံးက မမြင်နိုင်သောစွမ်းအင်အလွှာများ၏တားဆီးခြင်းကို ခံလိုက်ရပြီး ပေါက်ကွဲသွားသည်။

ပေါက်ကွဲမှုကြောင့် လေထုက ရေလှိုင်းများကဲ့သို့ လှိုင်းထသွားသည်။

သို့ပေမဲ့ တိုက်ခိုက်မှုက အစီအရင်ကို မချိုးဖောက်နိုင်ခဲ့ပေ။

အစီအရင်ကိုစောင့်ကြပ်နေသော လောယွင်ရှန်းနဲ့ ချန်တရှန့်က ရှစ်လွေတ၏တိုက်ခိုက်မှုကြောင့်အံ့အားသင့်သွားပေမဲ့ မျက်လုံးထဲတွင် ပျော်ရွှင်မှုနှင့် အံ့အားသင့်မှုများပေါ်လာသည်။

အစပိုင်းမှာ သူတို့က ရိုးရှင်းသော ထိုအစီအရင်ကို မယုံကြည်ခဲ့ပေမဲ့ ယခုအချိန်မှာတော့ ဒြပ်စင်ငါးပါးသိုင်းဘုရင်တစ်ယောက်ကို ချုပ်နှောင်ထားနိုင်ခဲ့သည်။

တိုက်ခိုက်မှုကြောင့် သူတို့နှစ်ယောက် ချီများအလျင်အမြန်ကုန်ဆုံးလာသော်လည်း တွက်ချက်ကြည့်လိုက်လျှင် ဒြပ်စင်ငါးပါးသိုင်းဘုရင်ကို အမွှေးတိုင်တစ်ဝက်လောင်ကျွမ်းချိန်အထိ ပိတ်လှောင်ထားဖို့ ပြဿနာမရှိပေ။

“ဘာ!” ရှစ်လွေတ၏မျက်နှာထားက ပြောင်းလဲသွားသည်။

“ငါက သိုင်းသခင်နှစ်ယောက်ရဲ့ အစီအရင်ကြောင့် ပိတ်မိနေတာလား။

ထာ၀ရနတ်ဘုရား အရှင်သခင် ( လီယွမ်ရှောင် ) Ongoing မှီDonde viven las historias. Descúbrelo ahora