16 - 20

240 12 0
                                    

အပိုင်း(၁၆) အဆင့်တက်သွားသောလောယွင်ရှန်း

ယွင်ရှန်း၏မျက်လုံးများက တောက်ပနေသည်။

သူမ၏မျက်နှာထားက အလွန်အမင်းပင်ပန်းနေပုံပေါက်နေပေမဲ့ ဖုံးကွယ်၍မရသောစိတ်လှုပ်ရှားမှုများကို မြင်နေရသည်။

သူမ၏လက်များက ချက်ချင်းလှုပ်ရှားသွားပြီး စည်းတံဆိပ်များက လက်ချောင်းထိပ်တွင် ပေါ်ထွက်လာသည်။

ထို့နောက် အစစ်အမှန်မီးတောက်များအဖြစ် ပြောင်းလဲသွားပြီး ရဲဒင်းဆီသို့ တိုးဝင်သွားသည်။

အနည်းငယ်တုန်ခါနေသောလက်နက်က ဆွဲငင်အားများကို ရုတ်တရက်ထုတ်လွှတ်လိုက်ပြီး ပြန့်ကျဲနေသော‌ရွှေရောင်အမှုန့်များကို စုပ်ယူလိုက်သည်။

ချက်ချင်းဆိုသလိုပဲ နီရဲနေသောရဲဒင်း၏အပေါ်တွင် ရွှေရောင်အစက်အပြောက်များ ပေါ်ထွက်လာသည်။

ရဲဒင်းက တည်ငြိမ်ပြီး လေးလံသောအငွေ့အသက်ကို ထုတ်ပေးနေကာ ပတ်ဝန်းကျင်ရှိလူများကို တောင်တစ်လုံးအောက်သို့ရောက်သွားသော ခံစားချက်များအား ပေးနေသည်။

“သိပ်သည်းစမ်း!”

“ကျဆင်းလာစမ်း!”

ထိုအော်သံများနဲ့အတူ သူမ၏လက်ချောင်းထိပ်မှ အလင်းတန်းနှစ်ခုထွက်သွားပြီး ရဲဒင်းထဲသို့တိုးဝင်သွားသည်။

လောင်ကျွမ်းနေသောအပူရှိန်နဲ့ လေးလံမှုများက ချက်ချင်းပျောက်ကွယ်သွားသည်။

ထို့နောက် ရဲဒင်းက လျင်မြန်စွာကျုံ့ဝင်သွားပြီး ပုဆိန်အသေးစားလေးဖြစ်သွားကာ သူမ၏လက် ဖဝါးထဲသို့ ကျဆင်းသွားသည်။

ပုဆိန်အသေးစားလေးကို သေချာစစ်ဆေးပြီးသွားသောအခါတွင် သူမက တခြားလူများဆီသို့လျှောက်သွားလိုက်ပြီး အလယ်မှာထိုင်နေသော မုတ်ဆိတ်ဖြူများနဲ့လူအိုကြီးကို လေးစားစွာပေးလိုက်သည်။

“ဆရာရှု၊ ကျေးဇူးပြုပြီး တစ်ချက်ကြည့်ပေးပါ!”

ရှုဟန်၏အကြည့်များက ရဲဒင်းပေါ်သို့ အသာအယာရောက်သွားပြီး ပြုံးလိုက်ကာ ပြောလိုက်သည်။

ထာ၀ရနတ်ဘုရား အရှင်သခင် ( လီယွမ်ရှောင် ) Ongoing မှီWhere stories live. Discover now