166

72 4 0
                                    

အပိုင်း(၁၆၆) အကွက်ဆင်ခြင်း

အရေးအကြီးဆုံးအချိန်မှာ သူ့အသက်ထက် အဖိုးတန်သောအရာမရှိကြောင်း လီရီနားလည်သွားသည်။

“ရေခဲချီစွမ်းအင်၊ ရေခဲဓား!”

ရုတ်တရက်ဆိုသလိုပဲ ‌လေအေးစက်ကွင်းများက သူ့ပတ်ပတ်လည်မှာပေါ်ထွက်လာပြီး ဓားအလင်းတန်းအဖြစ်ပြောင်းကာ ကျားဘုရင်ချီစွမ်းအင်များအားလုံးကို တွန်းဖယ်လျက် အပြာရောင်ကြာပန်းပွင့်ချပ်များကို ခုတ်ဖြတ်လိုက်သည်။

“လီယွင်ရှောင်၊ တစ်နေ့ကျရင် ငါမင်းကို သေချာပေါက်သတ်မယ်လို့ကျိန်ဆိုတယ်။

မင်းရဲ့အလောင်းကို အပိုင်းအစတစ်ထောင်ဖြတ်ပြီး မင်းရဲ့အရိုးပြာတွေကို နေရာအနှံ့မှာကျဲပစ်မယ်” လီရီက ဓားအလင်းတန်းကြောင့်ဖြစ်ပေါ်လာသောလမ်းကြောင်းမှတစ်ဆင့် အော်ဟစ်လျက် ထွက်ပြေးသွားသည်။

ယွင်ရှောင်က ရယ်မောလျက်ပြောသည် “မင်းကိုစောင့်နေပါ့မယ်။ နောက်တစ်ကြိမ်ပြန်တွေ့မှာကို မျှော်နေမယ်!”

လီရီ၏ခန္ဓာကိုယ်က ခဏလောက်ရပ်တန့်သွားသည်။

သူက ဒေါသထွက်သွားသည် သို့ပေမဲ့ ချက်ချင်းဆိုသလိုပဲ အဝေးမှာပျောက်ကွယ်သွားသည်။

“ငါ့အကြောင်းကို တခြားလူတွေဆီသတင်းပေးမလားမသိဘူး။

ဒါပေမဲ့ ဒီမှာ အကြာကြီးမနေသင့်ဘူး” ယွင်ရှောင်က မျှော်စင်ကို တစ်ချက်ကြည့်လိုက်ပြီး မြင်သမျှပစ္စည်းတိုင်းကို လက်စွပ်ထဲသို့သိမ်းလိုက်သည်။

“ဒီမှာ ပစ္စည်းကောင်းတွေအများကြီးရှိနေတာပဲဒါပေမဲ့ ကမ္ဘာခြားကျောက်စိမ်းနက်လောက် ဘယ်ဟာမှမကောင်းဘူး။

အဲ့ဒါက ဘယ်မှာလဲ” သူက မျက်မှောင်ကြုတ်လျက် တင်ပျဉ်ခွေထိုင်လိုက်ပြီး နတ်ဘုရားအာရုံနဲ့ မျှော်စင်ထဲမှာ နေရာလပ်မကျန်အောင် စစ်ဆေးကြည့်လိုက်သည်။

“တကယ်တော်တာပဲ! ငါ့ကိုတောင် လှည့်စားနိုင်တော့မလို့!”

ယွင်ရှောင်က ထောင့်တစ်နေရာတွင် အားနည်းသော လေဟာနယ်စွမ်းအင်လှိုင်းများကို ခံစားလိုက်ရသည်။

ထာ၀ရနတ်ဘုရား အရှင်သခင် ( လီယွမ်ရှောင် ) Ongoing မှီWhere stories live. Discover now