101 - 105

122 8 0
                                    

အပိုင်း(၁၀၁)-သားရဲသခင်

သူသည် သားရဲသခင်တစ်ဦးဖြစ်ပြီး ဘဝ၏ အချိန်အတော်များများကို နတ်ဆိုးသားရဲများ ထိန်းကျောင်းချင်းဖြင့်ကုန်ဆုံးခဲ့သည်။

နှစ်ပေါင်းများစွာ ကြိုးစားလာပြီးမှ ယခုလို ပဥ္စမအဆင့် မိုးကြိုးနတ်သားရဲကို ထိန်းချုပ်နိုင်ခဲ့သည်။

သို့ရာတွင် တစ်နေ့၌ စစ်သည်တော်အဆင့် လူငယ်တစ်ဦးက မိုးကြိုးနတ်သားရဲကို ထိန်းချုပ်နိုင်သည်ဟု ပြောလာခြင်းက ရှုဖျင်ဟုန်အတွက်တော့ ရယ်စရာကောင်းသလို စိတ်အနှောင့်အယှက်ဖြစ်စရာလည်းကောင်းလှသည်။

ပဥ္စမအဆင့် နတ်ဆိုးသားရဲတစ်ကောင်သည် ဒြပ်စင်ငါးပါးအဆင့်မှ သိုင်းဘုရင်တစ်ဦးနှင့်ခွန်အားချင်းညီမျှသည်။

နတ်ဆိုးသားရဲများဟာ အမြဲလိုလို ကြမ်းတမ်းပြီး ခွန်အားအရာတွင် သူမတူအောင်သန်မာကြောင်းကိုဖြင့် စကားလုပ်ပြောစရာတောင် မလိုတော့ပြီ။

သို့ပေမဲ့ ကျီးမုန့်ကတော့ ယွင်ရှောင့်စကားကို ရယ်စရာကောင်းသည်ဟုမထင်ခဲ့မိပေ။

အကြောင်းမှာ သူတွေ့ကြုံလာခဲ့သမျှတွင် ယွင်ရှောင် ဘယ်တုန်းကမှ မမှားယွင်းခဲ့ခြင်းကြောင့်ပင်။

ထို့ကြောင့် ကျီးမုန့်သည် ဓားပျော့ကို ဆွဲထုတ်ပြီး 'အစီရင်အသတ်၀င်စမ်း'ဟုအော်လိုက်သည်နှင့် ဓားပျော့က ရှည်လျားသော မြွေတစ်ကောင်ကဲ့သို့ ပြောင်းလဲသွားပြီး ရှုဖျင်ဟုန်ထံပြေးဝင်သွားလေသည်။

ရှုဖျင်ဟုန်သည် ပြိုင်ဘက်ဖြစ်သူက စက်ဝိုင်းလေးပါးအဆင့်မှ သိုင်းသခင်ဖြစ်နေသည့်အတွက်  သတိလွတ်မခံဝံ့ဘဲ"

  အစွမ်းကုန် ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီး ကျီးမုန့်ကို တိုက်ပွဲအတွင်းဖိနိပ်နိုင်ရန် ကြိုးစားလာခဲ့သည်။

ထိုအချိန်တွင်  ယွင်ရှောင်က မိုးကြိုးနက်သားရဲရှိရာသို့ ခပ်ပြုံးပြုံးလေး လျှောက်သွားသည်။

ပုံမှန်အားဖြင့် နတ်ဆိုးသားရဲများတွင် အသိဥာဏ်မရှိသော်လည်း အလိုလိုသိနိုင်သော အန္တာရယ်ကို သိနိုင်သော အသိရှိကြသည်။

ထာ၀ရနတ်ဘုရား အရှင်သခင် ( လီယွမ်ရှောင် ) Ongoing မှီWhere stories live. Discover now