6 - 10

356 14 0
                                    

ထာ၀ရနတ်ဘုရားအရှင်သခင်
---------------------------------
မူရင်းအာသာ -Taiyi Shengshui

Chapter(6) အာဏာရှင် နတ်ဘုရား ခန္ဓာကိုယ်လေ့ကျင့်ခြင်းပညာရပ်

'ဒီကျင့်ကြံခြင်းပညာရပ်က  ပုံမှန်မဟုတ်သလိုပဲ ?

ငါ့တစ်ကိုယ်လုံး တစ်စစီ စုတ်ဖြဲ ပြစ်နေ သလိုခံစားရတယ်။

ခန္ဓာကိုယ် လေ့ကျင့်ခြင်းလမ်းစဥ် က ချီစွမ်းအင် နဲ့ စိတ်၀ိဉာဥ် နတ်ဘုရားအာရုံ လေ့ကျင့်ခြင်းထက် ပိုခက်ခဲတယ် ဆိုမှတော့ ဒီလောက် တော့ရှိ မှာ ပေါ့လေ ။

လီယွင်ရှောင် သည်  အာဏာရှင် နတ်ဘုရားခန္ဓာ လေ့ကျင့်ခြင်းပညာရပ် ကို ကောင်းကင်တောင်တန်းဒေရှိ အပျက်စီးနယ်မြေထဲ မှ ရရှိခဲ့ခြင်း ဖြစ်သည်။

စိတ်၀ိဉာဥ်အာရုံထဲမှ ထိုပညာရပ်ကို သူမလေ့လာရသေးခင်မှာပဲ ကောင်းကင်တောင်တန်းဒေသတွင် မိုးကောင်းကင်ကပ်ဘေးဖြင့်ရင်ဆိုင်ရကာ သေဆုံးခဲ့ရသည်။

သို့သော် လီယွင်ရှောင်၏စိတ်ထဲ သူသေဆုံးခဲရခြင်း အကြောင်း နဲ့ ပါတ် သတ်ပြီး ထူးဆန်းသလို ခံစားနေရသည်။

"ကဲ့ပါ ......ပြီးခဲ့တာတွေလဲပြီးပါစေတော့......"

'ငါ့ အတွေ့ အကြုံအရ ဆိုရင် ဒီပညာရပ် က ၀ိဉာဥ်သွေးကြော စုံမှတ်တွေ တစ်ခု မှ မဖွင့် နိုင်ရင်တောင် သူတော်စင်သိုင်းဧကရာဇ် ဖြစ်လာအောင် လေ့ကျင်လို့ရတယ် လို့ ခံစားရတယ် ဘယ်လို နတ်ဘုရား ပညာရပ်များလဲ....?

လီယွင်ရှောင် သက်ပြင်းရှိုက်ပြီး တရားပြန်ထိုင်ကာ  လက်ဟန် များပြန်လည်ဖန်တီးလိုက်သည်။

ကောင်းကင်ဘုံကိုးပါးအဆင့်၏
အထွတ်အထိပ်သို့ ရောက်အောင် လေ့ကျင့်ခဲ့သူများဟာ အံ့သြစရာကောင်းအောင်ကို ဇွဲလုံ့လ ကြီးကြ သူများဖြစ်လေသည်။

ပါရမီ အရည်အချင်းက အရေးကြီးသော်လည်း လွယ်လွယ် အရှုံးမပေးတတ်သော စိတ်ဓာတ်နှင့် သတ္တိက
ပိုအဓိကကျသည်။

"အာဏာရှင်နတ်ဘုရား ခန္ဓာကိုယ်လေ့ကျင့်ခြင်းပညာရပ်  ပထမအဆင့်- နေ နဲ့ လ အဆီအနှစ် လုယူခြင်း !"

ထိုနောက်စက်၀ိုင်း ပုံစံ ရှုပ်ထွေးသော လက်ဟန်များ ဖန်တီးကာ နေ နှင့် လ အဆီ အနှစ်များ ကို အာဏာရှင်နတ်ဘုရား ခန္ဓာကိုယ် နည်းလမ်းအတိုင်း လှည့်ပါတ်လိုက်သည်။

ထာ၀ရနတ်ဘုရား အရှင်သခင် ( လီယွမ်ရှောင် ) Ongoing မှီWhere stories live. Discover now