76 - 80

138 6 0
                                    

အပိုင်း(၇၆) ငါဒီကို လူသတ်ဖို့ရောက်လာတာ

လီချွန်းယန်က နှလုံးခုန်မှားသွားပြီး ဖျော့တော့သောအပြုံးတစ်ခုနဲ့အတူ ပြောလိုက်သည်။

“သူတို့က သာမန်အမတ်တွေဆိုရင် ငါ သတ်လိုက်လို့ ဘာပြဿနာမှရှိလာမှာမဟုတ်ဘူး။

ဒါပေမဲ့ အဲ့ဒီခုန်းရမ်ရီက ကွန်ဖြူးရှပ်ရဲ့မျိုးဆက်တစ်ယောက်ပဲ။

သူက‌ ကွန်ဖြူးရှပ်ဝါဒကို ကိုယ်စားပြုပြီး သူ့လုပ်ဆောင်ချက်တိုင်း စကားတိုင်းက လောကကြီးတစ်ခုလုံးမှာရှိတဲ့ ကျောင်းတော်သားတွေအတွက် ဥပမာတွေပဲ။

ငါသူ့ကိုသတ်လိုက်ရင် လောကကြီးတစ်ခုလုံးရဲ့အပြစ်တင်တာကို ခံရလိမ့်မယ်။

အဲ့ဒါ အပြင် ငါသွားတဲ့နေရာတိုင်းမှာ နောက်ကျောကို ဓားနဲ့အထိုးခံရလိမ့်မယ်”

ယွင်ရှောင်က သူ့ကို စူးရှသောမျက်လုံးများနဲ့ စိုက်ကြည့်လိုက်သည်။

“အဘိုးက သေမျိုးကမ္ဘာကြီးမှာ ငြိတွယ်နေသေးတာပဲ”

သူက သက်ပြင်းချပြီး ခေါင်းခါလိုက်သည်။

“ကျွန်တော်တို့လို သိုင်းပညာရှင်တွေက ခွန်အားကိုပဲ ဂရုစိုက်သင့်တယ်။

သန်မာတဲ့လူ ကဘုရင် ပျော့ညံတဲ့လူက သူခိုးပဲ ​။

ပြီးတော့ ကျွန်တော်တို့က ကြင်နာမှုကိုပြန်ပေးဆပ်ဖို့နဲ့ လက်စားချေဖို့ တွန့်ဆုတ်မနေသင့်ဘူး။

အဲ့ဒီကွန်ဖြူးရှပ်ဝါဒဆိုတာက သာမန်လူတွေကို အရူးလုပ်ဖို့ သေမျိုးဘုရင်တွေရဲ့လက်နက်တစ်ခုထက် မပိုဘူး။

အဲ့ဒါက ကျွန်တော်တို့မျက်လုံးထဲမှာတော့ အညစ်အကြေး တစ်ခုထက် မပိုဘူး။

ကျွန်တော်တို့က တိမ်တွေပေါ်မှာပျံသန်းနေနိုင်တယ်ဆိုရင် ဒီလောကကြီးမှာရှိတဲ့ ဘယ်သူတွေကများ ကျွန်တော်တို့ကို အပြစ်တင်ရဲမယ်လို့ထင်လဲ”

လီချွန်းယန်က ကြောင်အသွားသည်။

ယွင်‌ရှောင်၏စကားများက သူ့စိတ်ထဲမှာမိုးကြိုးပစ်ချလိုက်သည်နှယ်ပဲ့တင်ထပ် သွားစေသည်။

ထာ၀ရနတ်ဘုရား အရှင်သခင် ( လီယွမ်ရှောင် ) Ongoing မှီWhere stories live. Discover now