161 - 165

121 3 0
                                    

အပိုင်း(၁၆၁) အဆင့်တက်သွားသောရှောင်ချင်းဝမ့်

“ဟေး၊ ဒါက ရယ်စရာမကောင်းဘူး” ယွင်ရှောင်က ခြေတစ်လှမ်းတိုးလိုက်ပြီး လက်ကိုဆန့်ထုတ်လျက် သူ့ကိုဆွဲဖို့လုပ်သည်။

သို့ပေမဲ့ ထိုအချိန်မှာပဲ သူ့ခန္ဓာကိုယ်ပေါ်ရှိအက်ကွဲကြောင်းများက ပိုမိုကြီးမားလာသည်။

အင်မတန်ပြင်းထန်သောနာကျင်မှုတစ်ခုက သူ့ခန္ဓာကိုယ်တစ်လျှောက်ပျံ့နှံ့သွားသည်။

ထိုနာကျင်မှုက ခန္ဓာကိုယ်ရှိဒဏ်ရာများကြောင့်လား နှလုံးသားကနာကျင်မှုများကြောင့်လားဆိုတာကို သူမသိနိုင်ပေ။

သူက နေရာမှာတင်တောင့်တင်းသွားပြီး ရထားလုံးပျံပေါ်မှ ပြုတ်ကျသွားသော ချန်တရှန့်ကို ဒီအတိုင်းကြည့်နေလိုက်ရသည်။

ဝေါ့!

အဝေးတစ်နေရာတွင် ရှင်းယန်ခွင်းက သွေးတစ်လုပ်အန်ထုတ်လိုက်ရသည်။

သူ့စိတ်ဝိညာဉ်က ချက်ချင်းဆိုသလိုပဲအားနည်းသွားပြီး ဆယ်စုနှစ်ပေါင်းများစွာ အိုသွားပုံရသည်။

တစ်ကိုယ်လုံးမှာလည်း သွေးများနဲ့စိုရွှဲနေသည်။ သူက ခေါင်းမော့လိုက်ပြီး ရထားလုံးပေါ်မှာ အသိစိတ်လွတ်နေသော ယွင်ရှောင်ကို မုန်းတီးစွာကြည့်လိုက်သည်။

“မင်းက ဘာဖြစ်လို့အသက်ရှင်နေသေးတာလဲ...ခွေးကောင်မင်းက သေသွားသင့်တာ!

သူက ဒေါသများနဲ့ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

သူက ဒဏ်ရာရနေသောခန္ဓာကိုယ်နဲ့အတူ ဖြည်းဖြည်းချင်းပျံသန်းလာပြီး ချီစွမ်းအင်များကို နည်းနည်းချင်းစုစည်းနေသည်။

သူက မြင့်မြတ်သောလမ်းစဥ်ခြောက်သွယ်သိုင်းဧကရာဇ်တစ်ယောက်ဖြစ်ပြီး တစ်ဖက်လူကြောင့် သနားစရာကောင်းသောအခြေအနေသို့ ကျရောက်သွားရသည်။

ထို့ကြောင့် သူက ယွင်ရှောင်ကို အရိုးများချိုးပြီး ပြာကျသွားအောင် မီးလောင်တိုက်သွင်းပစ်ရမည်။

“သူက မင်းလိုခွေးမသားတစ်ကောင်ကြောင့်ဘယ်တော့မှသေမှာမဟုတ်ဘူး”

ထာ၀ရနတ်ဘုရား အရှင်သခင် ( လီယွမ်ရှောင် ) Ongoing မှီWhere stories live. Discover now