81 - 85

148 5 0
                                    

အပိုင်း(၈၁)-သိုင်းဘုရင်ပြန်လာပြီ

ယွင်ရှောင့်နှဖူးပေါ်တွင် ဖျတ်ခနဲ အလင်းရောင် တောက်လာပြီး စက္ကန့်ပိုင်းအတွင်း အနက်ရောင်မိန်းမပျိုဓားက လက်ထဲသို့ရောက်လာခဲ့သည်။

ယွင်ရှောင်သည် ဓားရိုးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး လေပေါ်သို့ ကန်တက်လာချိန်တွင် ဓားသွားကို မြေကြီးထဲသို့ စိုက်ချလိုက်သည်။

ထို့နောက် ယွင်ရှောင်က ရူးသွပ်သော အကြည့်များဖြင့် အားပါးတရ ရယ်မောလိုက်သည်။

"လာစမ်းပါ...မင်းရဲ့ ကျားနဂါးလှံနဲ့ ငါ့ရဲ့ ခုခံစွမ်းအား ဘယ်ဟာပိုအားကောင်းမလဲကြည့်ကြသေးတာပေါ့။

ကြွေရည်ကိုယ်ထည်!"

ပြင်းထန်သော တိုက်ခိုက်လိုစိတ်နှင့်အတူ အလင်းမှုန်များ တောက်ပလာပြီး အရေပြားပေါ်တွင် ဝေ့ဝဲလာသည်နှင့်အမျှ ယွင်ရှောင့်ခန္ဓာကိုယ်ဟာ ဖန်ပုလင်းကဲ့သို့ ဖောက်ထွင်းမြင်ရလုနီးပါး ကြည်လင်လာခဲ့သည်။

အာဏာရှင်နတ်ဘုရားခန္ဓာကိုယ်ကျင့်စဥ်ကို လေ့ကျင့်ထားခြင်းကြောင့် ခန္ဓာကိုယ်၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို ကြွေရည်ကိုယ်ထည်အာဏာရှင်နတ်ဘုရားခန္ဓာကိုယ်၊သံမဏိခန္ဓာကိုယ်၊စိန်ခန္ဓာကိုယ်ဟူ၍ သုံးမျိုးပိုင်းခြားထားသည်။

တစ်စုံတစ်ဦးက ထိုအဆင့်များကို အဆုံးသတ်ထိရောက်အောင် လေ့ကျင့်နိုင်ပါက တောင်တန်းကို ဖြိုခွင်းကာ ကမ္ဘာကြီးကို နှစ်ပိုင်းခြမ်းနိုင်လောက်သော စွမ်းအားမျိုးဖြင့် သူတော်စင်တစ်ဦးဖြစ်လာနိုင်သည်။

ဝုန်း.....!

မြောက်မြားစွာသော နဂါးနှင့်ကျားအရိပ်များက အပြိုင်အဆိုင် ဟိန်းဟောက်ရင်း ယွင်ရှောင့်ကို အုပ်မိုးလာကြသည်။

ထိုအချိန်တွင် မျက်စိကျိန်းလောက်သော အလင်းတန်းများကို ကောင်းကင်ပေါ်သို့ ရွှီးခနဲတက်လာပြီး ရောင်စုံပန်းပွင့်ကြီးအဖြစ် အသွင်းပြောင်းကာ ယွင်ရှောင်ရပ်နေသော နေရာတည့်တည့်သို့ ကြွေကျလာခဲ့သည်။

"ရူးလောက်တယ်စရာပဲ....ရှောင်လည်းမရှောင်၊ပြန်လည်းမခုခံတာကို လေးစားမိတယ် သူကငါ့ရဲ့စံပြပုဂ္ဂိုလ်ပဲ!"

ထာ၀ရနတ်ဘုရား အရှင်သခင် ( လီယွမ်ရှောင် ) Ongoing မှီWhere stories live. Discover now