26 - 30

174 8 0
                                    

အခန်း(၂၆)-မှော်ဆန်သော ၀ိဉာဥ်လက်နက်

ကျားရုံကို စေခိုင်းပြီးနောက် ယွင်ရှောင်က အဂ္ဂိရတ်
မျှော်စင်မှ ပြန်ထွက်လာပြီး အနီးအနားရှိ စျေးတစ်ခုသို့
သွားခဲ့သည် ။

မျှော်စင်ပထမထပ်ရှိ ကျားရုံ၏ အခန်းမှ ပြန်ထွက်လာစဥ်တုန်းက သူ့က်ို ကြည့်နေသော အလုပ်သင်တပည့်တို့၏ အကြည့်များဟာ လေးစားအားကျမှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

အမှန်တွင် မင်းသမီးလေးကို ကုသရန် ရွှေအပ်တစ်ဘူးသာ လိုသော်လည်း ယွင်ရှောင်က အရွယ်အစား၊အထူအပါး၊အရှည်၊အလေးချိန်၊သန့်ရှင်းသပ်ရပ်မှုနှင့် ပါဝင်ပစ္စည်းတို့ကို အထူးအလေးထားသည်။

ထို့ကြောင့် အချို့သော ပစ္စည်းများကို သူကိုယ်တိုင် ရှာဖွေပြီး သန့်စင်လို၍ စျေးဘက်သို့ လျှောက်လာရခြင်းဖြစ်သည်။

ယွင်ရှောင် စျေးထဲ၌ လျှောက်ကြည့်နေစဥ်တွင် ရင်းနှီးသော လူရိပ်ကို ဖျတ်ခနဲ လှမ်းမြင်ပြီး အမှတ်တရများက သူ၏ မှတ်ဥာဏ်ထဲသို့ ချက်ချင်း ပြန်ရောက်လာသည်။

ယွင်ရှောင်က ခပ်ဖျော့ဖျော့လေးပြုံးလိုက်ပြီး ထိုသူရှိရာသို့ လျှောက်သွားလိုက်သည်။

"သူဋ္ဌေး..တကယ်တောင်းပန်ပါတယ် ။

ကျွန်မမှာ ရွှေဒဂ်ါးတစ်ရာ့ခုနစ်ဆယ်ပဲ ရှိတော့လို့ပါ ။

ဒီတစ်ကြိမ်ပဲ ကူညီပေးပါနော်"

မုန့်ဝူက ဆိုင်ခန်းငယ်တစ်ခုရှေ့တွင် တောင်းပန်တိုး
လျှိုးနေ၏ ။

အလယ်အလတ်အဆင့် အလုပ်သင်တစ်ဦး
ဖြစ်သော ကျွင်းလျန်က လက်ခါပြသည်။

"ပိုက်ဆံမရှိရင်လည်း တခြားနေရာကိုပဲ သွားလိုက်တော့ ။
ရွှေအဂ်ါးသုံးဆယ်က အနိမ့်ဆုံးစျေးပဲ။

မင်း ငါ့ကို ပါဝင်ပစ္စည်းတွေ ပေးနိုင်တယ်ဆိုရင် ရွှေဒဂ်ါးသုံး
ဆယ်နဲ့ လုပ်ပေးလိုက်မယ်"

"ကျွန်မမှာ သစ်ခွပန်းနဲ့ မြွေလျှာပန်းပဲရှိလို့ပါ"

ကျွင်းလျန်က ထိုပစ္စည်းနှစ်မျိုးကို ကြည့်ပြီး စိတ်မရှ
ည်စွာ ပြောသည်။

ထာ၀ရနတ်ဘုရား အရှင်သခင် ( လီယွမ်ရှောင် ) Ongoing မှီHikayelerin yaşadığı yer. Şimdi keşfedin