96 - 100

127 8 0
                                    

အပိုင်း(၉၆) လမ်းတစ်လျှောက်ချမ်းသာလာခြင်း

“သူက ဆေးပညာနဲ့ပတ်သတ်ပြီး အရမ်းကျွမ်းကျင်နေတာကို မအံ့သြတော့ပါဘူး။

ငါ့တို့ကိုယ်ထဲမှာရှိနေတဲ့ ရေခဲချီ အဆိပ်ကို ထုတ်ပစ်နိုင်မယ့်နည်းလမ်းကိုတောင် သူသိနေတယ်”

ရှောင်ချင်းဝမ့်က ရုတ်တရက်နားလည်သွားသည်။

“စိတ်မပူပါနဲ့ယွင်ရှန်း ငါတို့အားလုံးက ဒီကိစ္စမှာ အတူတူပါပဲ”

ယွင်ရှန်းက အသာအယာခေါင်းညိတ်လိုက်သည်။

သို့ပေမဲ့ ကူဖေးယန်အသက်ရှင်နေသေးကြောင်း သိလိုက်ရ‌သောအခါတွင် သူမ၏နှလုံးသားက မငြိမ်သက်နိုင်ပေ။

ရုတ်တရက်ဆိုသလိုပဲ တဲအပြင်ဘက်မှ တစ်ယောက်ယောက်အော်ဟစ်လိုက်သည်။

“သခင်ကြီး ကျွန်တော်တို့က ရွှေချန်းမြို့နဲ့ နီးကပ်လာပါပြီ။

မြို့ထဲကနေ ဖြတ်သွားရမလား"

ဘေးကနေ ပတ်သွားလိုက်ရမလား”

ချန်တရှန့်က မျက်မှောင်ကြုတ်လိုက်ပြီး လက်ပိုက်ကာ စဉ်းစားလိုက်သည်။

“ရွှေချန်မြို့‌တော်ဝန်ကျောဟုန်ကွမ်းက မင်းသားချင်ယန်ရဲ့လူပဲ။

ငါတို့တွေ မြို့ထဲကိုဝင်သွားရင် ဖော်ရွေနေမှာမဟုတ်ဘူး။

မြို့ကို ပတ်သွားမယ်"

မိုင်တစ်ရာလောက်အကွာမှာ မင်ခိုမြို့ရှိတယ်။

ငါတို့ အဲ့မှာစခန်းချမယ်”

“ဟုတ်ကဲ့သခင်ကြီး!” ထိုလူက ဖြေလိုက်ပြီး ထွက်သွားဖို့ပြင်လိုက်သည်။

“နေဦး!”

ကျီးမုန့်ရောက်လာသည်။

သူက တဲထဲသို့ဝင်သွားလိုက်ပြီး လက်သီးဆုပ်ကာ ပြောလိုက်သည်။

“ရွှေချန်မြို့ဝန်က မင်းသားချင်ယန်ရဲ့လူဆိုမှတော့ သခင်လေးယွင်က ဒီမှာခဏရပ်မယ်လို့ ပြောလိုက်ပါတယ်။

ကျွန်တော်က ကျောင်းသားတပ်ဖွဲ့ကိုဦးဆောင်ပြီး စစ်တပ်အတွက် အထောက်အပံ့တွေသွားတောင်းလိုက်ပါ့မယ်”

ထာ၀ရနတ်ဘုရား အရှင်သခင် ( လီယွမ်ရှောင် ) Ongoing မှီWhere stories live. Discover now