126 - 130

110 9 0
                                    

အပိုင်း(၁၂၆) ရန်ပွဲ

ထိုလူ၏မျက်နှာထားက ချက်ချင်းပြောင်းလဲသွားပြီး စိုးရိမ်စိတ်များဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

ထို့နောက် တိုးတိုးလေးပြောသည်။ “မင်းဘာလိုချင်လို့လဲ”

ယွင်ရှောင်က ခပ်ဟဟရယ်သည်။ “အရမ်းကြီး စိတ်လှုပ်ရှားမနေပါနဲ့။ အဆင့်သုံးနတ်ဆိုးသားရဲအလောင်းက တန်ဖိုးမဖြတ်နိုင်တဲ့ရတနာဖြစ်နေပေမဲ့ ကျွန်တော့်အတွက် ဘာမှအသုံးမဝင်ပါဘူး။

သွေးစင်းကျားရဲ့သွားစွယ်နဲ့ ဒီသစ်သီးက ဘယ်လောက်လဲ။ နှစ်ခုလုံးယူမယ်”

ထိုလူက တုံ့ဆိုင်းနေသည်။ သူက အဆင့်သုံးသားရဲနှစ်ကောင်၏အလောင်းကို ရခဲ့ကြောင်း ဘယ်သူ့ကိုမှ ပြောမပြရဲ‌ပေ။

သူက အင်မတန်အားနည်းနေသောကြောင့် ထိုရတနာများက သူ့အတွက် ဒုက္ခဖြစ်လိမ့်မည်။

သူက ကုန်စည်ပြပွဲ၏လေလံပွဲတွင်တိတ်တဆိတ်ရောင်းချဖို့ကြံစည်ထားပေမဲ့ ထုတ်ပြောမိလိမ့်မည်ဟု ထင်မထားပေ။

“ဈေးပြောလိုက်” ယွင်ရှောင်က ပြုံးသည်။ “ခင်ဗျားက အရမ်းစိတ်လှုပ်ရှားနေတာပဲ။

ဒါက အသင်္ချေရတနာစတိုးဆိုင်ရဲ့ ကုန်စည်ပြပွဲပါ။ ဘယ်သူမှ ခင်ဗျားကိုမထိရဲပါဘူး”

“မင်းဘာမှမသိဘူး” ထိုလူက လှောင်ပြောင်လိုသောအကြည့်နဲ့ အေးစက်စွာပြောသည်။

“ဒီနေရာမှာ ဘယ်သူမှမတိုက်ရဲဘူးဆိုပေမဲ့ လူအုပ်ထဲမှာ မျက်လုံးနဲ့နားတွေ ဘယ်လောက်တောင်ရှိနေလဲမင်းသိလား။

မင်းက ချမ်းသာပြီး အားနည်းနေတာကို သူတို့မြင်သွားရင် ထျန်းရှီးမှာပဲ တစ်သက်လုံးနေသွားရလိမ့်မယ်”

“မျက်လုံးနဲ့နားတွေ” ယွင်ရှောင်က စူးရှသောအကြည့်များကို ခံစားလိုက်ရသည်။

သူတို့က မျက်လုံးနဲ့နားများ ဖြစ်နိုင်သည်။

ဈေးသည်က အသံတိုးတိုးလေးနဲ့ ပြောသည်။

“ငါက မင်းကို ကျားစွယ်ရောင်းနိုင်တယ်။ ဒါပေမဲ့ သီးသန့်မရောင်းဘူး။

ထာ၀ရနတ်ဘုရား အရှင်သခင် ( လီယွမ်ရှောင် ) Ongoing မှီOù les histoires vivent. Découvrez maintenant