21 - 25

221 7 0
                                    

အခန်း(၂၁)-ကောင်းကင်နှင့်ကမ္ဘာမြေစွမ်းအား

လေ့ကျင့်ရေးကွင်းပြင်တွင် ကျောင်းသားများနှင့် စည်ကားနေချေပြီ။

ပထမအတန်းကိုအ၀င်အ၀ ရွှမ်ဂိုဏ်းအဖွဲ့ဝင်များ
က နေရာဦးထားသည်။

သူတို့တစ်ဦးချင်းစီသည်  လက်ကို ဆနိ့တန်းထားပြီး ပြင်းထန်သော အရှိန်အဝါများထုတ်၍ သူတို့အနားသို့ ဘယ်သူမှမကပ်ရဲအောင် တားဆီးထားသည် ။

သူတို့၏ တစ်ခုတည်းသော နည်းဗျူဟာက ပွဲမစခင်တွင် ပြိုင်ဘက်ဖြစ်သူ၏ နှလုံးသားထဲသို့ အကြောက်တရားများ ရိုက်သွင်းပေးရန်ဖြစ်သည်။

သို့သော်လည်းနေ့တစ်ဝက်ကုန်သည်အထိယွင်ရှောင်
ပေါ်မလာခြင်းကြောင့် သူတို့အားလုံး စိတ်ပျက်သွားရသည်။

ပင်ပန်းနွမ်းနယ်ပြီးချွေးစေးများထွက်လာခြင်းကြောင့် ဟိတ်ဟန်ဆက်မထုတ်နိုင်တော့ချေ။

"ဟိုကောင်က လာရောလာအုံးမှာလား?"

"မလာရင်တောင် အဲ့ကောင်စုတ်မလာရင်တောင်အံ့သြစရာမရှိဘူး။

သေတာထက်စာရင်တော့ အရှက်ကွဲတာကမှ တော်ပါသေးတယ်"

လူအုပ်ကြီးက အချင်းချင်း ဆွေးနွှေးလာကြသည်။

တချို့ဆိုလျှင် သူတို့ကို လှည့်စားသွားသော ယွင်ရှောင့်ကိုစိတ်ထဲ၌ ကျိန်ဆဲကြလေသည်။

လန်ရွှမ်က ဘေးပါတ်ဝန်းကျင်မှ အသံပလံများကို မျက်စိပိတ် နားထောင်ရင်း ကွင်းပြင်ထဲတွင် ငြိမ်သက်စွာ ထိုင်စောင့်နေသည်။

"ဖက်တီး၊ ယွင်ရှောင်လာမယ်လို့ထင်လား"

ရူရွယ်က သူ၏နှလုံးသားကို ကြောင်ကုတ်ခံရသည်နှယ် အသည်းတယားယား မေးလာသည်။

သူမ၏ စိတ်ထဲတွင် ယွင်ရှောင့်ကို လာစေချင်သော်ငြား အခြားအတွေးတစ်မျိုးလည်း ရှိနေပြန်သည်။

"မပြောတတ်ဘူး...မတွေ့ရတာ ရက်အတော်ကြာနေပြီဆိုတော့ ထွက်များပြေးသွားပြီလား မသိဘူးနော်"

ဟန်ပိုင်က ဖြစ်နိုင်ချေကို စဥ်းစားပြီးပြောသည် ။

ချန်ကျန်းကခေါင်းခါရင်း ဝင်ပြောသည်။

ထာ၀ရနတ်ဘုရား အရှင်သခင် ( လီယွမ်ရှောင် ) Ongoing မှီWhere stories live. Discover now