ဟုတ်တာပေါ့ !! ဖန်းရှဲ့ယီ က လောင်ယွီချန်တစ်ယောက် မိမိကိုယ်ကို သတ်သေဖို့ကြိုးစားခဲ့တဲ့အကြောင်းကို အလျှင်အမြန်ပဲ သိလိုက်ရပါတယ်။ အဲ့ဒါနဲ့ပဲ အသက်တစ်ခုကို ထပ်ပြီးအလဟဿ မဆုံးရှုံး စေချင်ပဲ, နောက်ဆုံးမှာတော့ လောင်ယွီချန်ကို ငါက အသက်ရှင်နေသေးတယ်ဆိုတဲ့အကြောင်း, ခုတော့ မနိုးသေးဘူးဆိုတဲ့အကြောင်း ပြောပြရတော့တယ်။

ဖန်းရှဲ့ယီရဲ့ အဖြစ်အပျက်ကို ပေါ့ပေါ့ပါးပါး ရှင်းပြတာကိုနားထောင်ပြီးတဲ့အခါမှာတော့ လောင်ယွီချန်မှာရှိတဲ့ ကြမ်းတမ်းသော အမာရွတ်တွေရဲ့ အသွင်အပြင်ကို ကြည့်လိုက်မိတယ်။ ဒီလို ကိုယ်ကျိုးမဖက်တဲ့ အစ်ကိုတစ်ယောက်ရှိလို့ ညဦးပိုင်းမှာတင် အရမ်းစိတ်လှုပ်ရှားခဲ့ရတယ်။ ဒါပေမယ့် ညဉ့်နက်လာတဲ့အခါမှာတော့ အဲ့ဒီ ကိုယ်ကျိုးမဖက်တဲ့ အစ်ကို ကို သတ်ဖို့ အရမ်းနီးစပ်သွားခဲ့တာတော့ အမှန်ပဲ။

ဖန်းရှဲ့ယီ ခမျာ သူ့သင်္ဘောလေး ရေပေါ်မျောပါသွားတယ်ဆိုတာ သိလိုက်ရတဲ့အတွက် တစ်ညလုံးသူ့ကိုကဲ့ရဲ့ခွင့်သာပြုထားလိုက်ရတော့တယ်။ သို့ပေမယ့်လည်း အဲ့ဒါက လုံးဝအဓိပ္ပါယ်ရှိမနေခဲ့ဘူး။ သူ့အမှားကို ဝန်မခံရုံသာမက သဘောထားကွဲတာကလည်း ဆက်တိုက်ဖြစ်နေပါတယ်။ နဂိုထဲက လောင်ယွီချန်သာ နှလုံးသားမမဲ့ဘူးဆိုလျှင် ငါလည်း သက်သေဖို့ ကြိုးစားခဲ့မည် မဟုတ်ကြောင်းကို သူက ငြင်းလိုက်သေးရဲ့။ အဲ့ဒီလို ငါသာ သက်သေဖို့ မကြိုးစားခဲ့ရင် သူက လိမ်ညာလှည့်စားခဲ့မှာမဟုတ်ဘူးဆိုတဲ့အကြောင်း, လောင်ယွီချန်သာ သူ့အမှားကို သဘောမပေါက်ခဲ့ပါက သူကလည်း ထို မိုက်မဲတဲ့လုပ်ရပ်ကိုပြုလုပ်လိမ့်မည်မဟုတ်ပါဘူးတဲ့။ အဲ့ဒါကြောင့် အရာအားလုံးဟာ လောင်ယွီချန်ကြောင့် အစပြုပြီး ပြီးဆုံးသွားကြောင်း သူက နိဂုံးချုပ်လိုက်ပါတယ်။ ဒါဟာ လောင်ယွီချန် ရဲ့ ပေးဆပ်ခြင်းတွေပါပဲ။

ဖန်းရှဲ့ယီ အဆုံးမရှိပြောနေသည့်ကြားတွင် ဒီ မိသားစုရဲ့ စဉ်းစားဆင်ခြင်ဉာဏ်မရှိသောဆိုးယုတ်တဲ့ သူတွေကို သန့်စင်ဖို့အတွက် ငါ အဆင်သင့်ဖြစ်နေပါပြီ။ မြေခွေးကိုသတ်ဖို့ ဓားသွေးလို့လည်းပြီးခဲ့ပြီဖြစ်တယ်။ ဒါပေမယ့် ဒီတစ်ခါတော့ လောင်ယွီချန် က သဘောထားကြီးပြီး ငါ့ကို ခွင့်လွှတ်ခိုင်းလေတယ်။

You've reached the end of published parts.

⏰ Last updated: Oct 12, 2023 ⏰

Add this story to your Library to get notified about new parts!

Like Love But Not [ Myanmar Translation ]Where stories live. Discover now