Chapter - 3.3

696 119 11
                                    





UNICODE
သူ့အကြောင်းကို ငါ ရှောင်လု နဲ့ ပြောတဲ့အခါတိုင်း ရှောင်လု ကငါ့ကိုအမြဲအပြစ်တင်လေ့ရှိတယ်။

"တခြားတစ်ယောက်အကြောင်း ပြောနေရအောင်မင်းကဘယ်သူလဲ? မင်းက လောင်ယွီချန်ကိုဆွဲထားပြီး သူ့ကို လက်လွှတ်ဖို့ ဆန္ဒမရှိဘူးမလား? မင်းက သူနဲ့အတူတူပဲ…"

ဒါဟာ မတရားတဲ့ ဆက်ဆံမှုပဲ။ ငါ လောင်ယွီချန် နဲ့ အရှက်မရှိ တွဲနေနိုင်ပေမယ့် အနည်းဆုံးတော့ ငါ ချမ်းသာခဲ့တယ်လေ။ ငါကိုယ်တိုင် ငွေရှာတာမဟုတ်ပေမယ့်,လောင်ယွီချန်နဲ့ရှမင်ရှုတို့လောက်လည်းမချောပေမယ့်ငါက  ချောမော၊ စတိုင်ကျ၊ ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိတယ်လို့ ယူဆနိုင်ပါသေးတယ်။ ငါဒါရိုက်တာဖြစ်လာပြီးကတည်းက သူတို့ရဲ့သမီးတွေနဲ့ အငယ်အနှောင်းတွေကို ငါ့ဆီပို့တဲ့ စီးပွားရေးကုမ္ပဏီသူဌေးတွေတောင်အများကြီးရှိခဲ့ဖူးတယ်။ ဒီသစ်ပင်တစ်ပင်ထဲကိုသာ ငါတောင့်တမနေဘူးဆိုရင် ငါ့မှာ မိန်းမတွေကို လက်နှစ်ဘက်နဲ့ ပွေ့ဖက်ထားပြီး သားသမီးတွေဆို ဘောလုံးတစ်သင်းစာတောင် ရှိကောင်းရှိနေဦးမှာ။

ရှမင်ရှုက  ကြင်နာတတ်တာမှန်ပေမယ့် ချန်လီကို မြင်နေတဲ့အခါ ဖန်းရှဲ့ယီ ကိုလည်း တွေးနေပေလိမ့်မှာအမှန်ပင်။

“အခုသေချာစဉ်းစားကြည့်တော့ မန်နေဂျာ ဖန်းကို မတွေ့တာကြာပြီနော်!”

မန်နေဂျာ ဖန်းက အမွေဆက်ခံပြီးနောက် ဒါရိုက်တာ ဖန်း ဖြစ်လာမှာမလွဲပေ။

အခုက စလို့ မူလဒါရိုက်တာ ရှောင်း ဟာအချိန်ကြာလာသည်နှင့်အမျှ ကွယ်ပျောက်သွားတဲ့ ကြယ်ပွင့်ဖြစ်လာမှာအသေချာပင်ဖြစ်တယ်။

ငါ ကိုယ့်ကိုကိုယ် လှောင်ရယ်နေမိတယ်။

"မန်နေဂျာ ဖန်းက အလုပ်ကိစ္စနဲ့ ခရီးထွက်သွားတယ်ထင်တယ်‌ေ….."

“ငန်းအသားစားချင်သော ခြကောင်ကြီး” က ဘေးနားက တိုးတိုးလေး ဖြေလေရဲ့။

Like Love But Not [ Myanmar Translation ]Where stories live. Discover now