Chapter - 2.4

728 121 3
                                    

UNICODE



"မေ့လျောသွားသောမှတ်ဉာဏ်"


အဲဒီနေ့က တောက်ပလင်းလက်‌နေတဲ့ နေရောင်အောက်မှာ လမ်းလျှောက်ဖို့ အတွက်သူက ဆေးရုံမြက်ခင်းပြင်ဆီ  ငါ့ကိုခေါ်လာခဲ့တယ်။

ငါ ကျီးကန်းတစ်ကောင်လိုပဲ မရပ်မနား အော်ဟစ်လိုက်တယ်။  သူငါ့စကားကို ကောင်းကောင်းနားမထောင်ဘူးဆိုတာအသေချာပဲ။  ခဏကြာတော့ သူရပ်သွားတယ်။  သူ့ရဲ့ စိတ်အစဉ်က ငါ့ဆီမှာမရှိတာ ခံစားမိတဲ့နောက် သူကြည့်‌‌ နေတဲ့မြင်ကွင်းကို ငါ လိုက်ကြည့်မိတယ်။

ရှမင်ရှု ဟာလူနာ၀တ်စုံအစင်းကို ဝတ်ဆင်ထားပြီး အဖြူရောင် ကုလားထိုင်ပေါ်တွင် အိပ်လို့နေတယ်။ သူက တခြားကမ္ဘာတစ်ခုကိုကြည့်‌နေတယ်။  သူ့ဆံပင်က သစ်အယ်သီးအရောင်‌ ဆေးဆိုးထားတာကြောင့် နေရောင်အောက်မှာတဖျက်ဖျတ် တောက်ပလျှက်လူးလွန့်နေတယ်။ သူအိပ်နေတဲ့အချိန်မှာ‌ တောင်နတ်သားလေးလိုပါပဲ။  သူက ဖြူဖျော့‌နေပြီး ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ကြည့်ရတာ တစ်ချက်ထိတာနဲ့ ကွဲထွက်သွားမလိုပဲပေါ့။

လူတစ်ယောက်ရဲ့ ဗီဇကလည်း ကြောက်စရာကောင်းတယ်။   လောင်ယွီချန်ကရှမင်ရှုကိုကြည့်နေတဲ့အကြည့် တွေကိုငါမြင်လိုက်ချိန်မှာပဲ အဆုံးသတ်မှာ တွေ့ကြုံရမယ့် စိတ်ပျက်စရာရလဒ်ကို အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့တယ်။

မြှားနတ်မောင်က လေးကို ကိုင်ပြီး ဆေးရုံကို လှည့်ပတ်နေလိမ့်မယ်လို့ ဘယ်သူက မျှော်လင့်မိမှာလဲ? သူရဲ့အချစ်မြှားနဲ့ပစ်ဖို့ မထိုက်တန်တဲ့သူတစ်ယောက်လိုငါ့ကိုမြင်လိုက်တာနဲ့ သူ အရမ်းရယ်နေလိမ့်မယ်။  သူတို့ရဲ့ အောင်သွယ်ဖြစ်လာဖို့ငါ့‌ ခြေထောက်ပေါ်  ပစ်ခဲ့ပုံပါပဲ။

ကံကြမ္မာက အဆုံးအဖြတ်ပေးတဲ့အရာတွေရှိတယ်။  မင်းနဲ့မသက်ဆိုင်ရင် မင်းမရနိုင်ဘူး!!



ငါ‌ နောက်ထပ်ဓာတ်ပုံတစ်ပုံကို ကြည့်လိုက်တယ်။  ဒါကနှစ်သစ်ကူးညတုန်းက ချားရဟတ်မှာ ရိုက်ထားတဲ့ပုံပဲ။

ငယ်ရွယ်စဉ်ကာလ‌တွေကတည်းကသူ့ပုံစံဟာ ရင့်ကျက်တည်ငြိမ်တဲ့အသွင်အပြင်ပေါ် နေပြီး ငွေရောင်နားကပ်ကို ဝတ်ဆင်ထားတယ်။  သူက  ချောမောသော်လည်း အေးစက်ပြီး ကြောက်စရာကောင်းသည်မှာအမှန်။

Like Love But Not [ Myanmar Translation ]Where stories live. Discover now