Chapter - 2.5

702 126 5
                                    

UNICODE



"မေ့လျော့သွာသောမှတ်ဉာဏ်"

ရှမင်ရှုလုပ်ရပ်ဟာ ယခုတစ်ကြိမ်တော့ မြေမြှုပ်မိုင်းကို မပေါက်ကွဲစေခဲ့ကြောင်း ငါသိတယ်။

ရှမင်ရှုက ဗရုတ်သုတ်ခနှင့် ခေါင်းမာသော်လည်း သူကမတုံးပေ။ မြေမြုပ်မိုင်းပေါ် နင်းမိလား မနင်းမိလားဆိုတာ သူသိမှာပါ။ သတ္တိရှိရှိ လှမ်းနိုင်ရင် ထွက်လမ်းရှိရမယ်လေ။ လောင်ယွီချန်ရဲ့ ပြင်းထန်တဲ့ဒေါသကို ရှောင်ရှားရန်အတွက် လောင်ယွီချန်အရှေ့မှာ နှိမ့်ချစွာ ပြုမူနေခဲ့ရတဲ့ငါနဲ့သူကလုံး၀မတူဘူး။

သူ့ဒေါသက ပြင်းထန်လွန်းတော့ လူတစ်ယောက်ကို ကြည့်တဲ့အခါ နာကျင်စေတယ်။ ရှမင်ရှု ရဲ့ အသားအရေက ငါ့ထက် အများကြီး ပိုနုတယ်ဆိုတာ လောင်ယွီချန် က သိထားမှာမို့လို့ သူ့ကို စိတ်မပူမိတော့ပါဘူး။

လောင်ယွီချန်ရဲ့မျက်နှာက ငါ မျှော်လင့်ထားသည့်အတိုင်း မည်းမှောင်သွားပြီး သူ့မျက်နှာအမူအယာကအေးခဲသွားလေရဲ့။

ငါနဲ့မတူပဲ ရှမင်ရှုက ဒီပုံစံကိုလုံး၀မကြောက်ပေ။သူကပိုပြီးတောင်ကျယ်ကျယ်ပြောလိုက်သေးတယ်။

"ရှောင်ဟန် က မင်း သူ့ကို ဒီလောက်အတိုင်းအတာအထိ ခွင့်မလွှတ်အောင် ဘာလုပ်လိုက်တာမို့လဲ?"

ငါကျယ်လောင်စွာ လက်ခုပ်တီးလိုက်မိတယ်။ သူကငါအရမ်းသိချင်နေတဲ့ မေးခွန်းတစ်ခုကိုမေးလိုက်တာပဲ။ ဟုတ်တယ်..... မင်းငါ့ကိုအရမ်းမုန်းဖို့ငါဘာလုပ်ခဲ့မိတာလဲ?

"မင်း သူ့အကြောင်းပြောနေတာ ရပ်လို့ရမလား?"

လောင်ယွီချန်ကဒေါသတကြီးနဲ့ပြောလေတယ်။

"ငါ သူ့နာမည်ကို ထပ်မကြားချင်တော့ဘူး..."

ရှမင်ရှုဟာ သေတ္တာကို ကိုင်လျှက်သားပင် ထိုနေရာတွင် အကြာကြီး ရပ်နေခဲ့တယ်။

ငါတော်တော်စိတ်ပျက်သွားမိတယ်။ ရှမင်ရှုက နောက်ဆုံးတော့ မေးခွန်းကို မေးခဲ့ပေမယ့် အဖြေကို မကြားလိုက်ရပါဘူး။

"လောင်ယွီချန် သူ မင်းအပေါ်တစ်ခုခုလုပ်ခဲ့တာလား? ငါမသိလိုက်ဘူးလား?"

Like Love But Not [ Myanmar Translation ]Where stories live. Discover now