Chapter - 6.3

406 61 4
                                    

Unicode

ရှမင်ရှုက ​ရှောင်လုကို အ​လျှော့​ပေးလိုက်ပြီလားလို့ ငါ တွေးနေမိတယ်။

ရှမင်ရှုက ​လှေနံနှစ်ဖက်နင်း​နေလားဆိုတာကို မငြင်းခုံဘဲ​​ နေရအောင်။ သူတို့ရဲ့ ဆက်ဆံရေးမှာ အဆင်မပြေမှုကို ဘယ်သူကမှ မေးခွန်းမထုတ်ကြတာကို ငါ အံ့သြမိတယ်။ သူတို့နှစ်ယောက်က နာမည်အရ,သာ ချစ်သူတွေဖြစ်​နေပုံ​​ပေါ်ပေမယ့် သူတို့နှစ်ယောက်ရဲ့ ဘဝကို​တော့ အေးအေးချမ်းချမ်းနဲ့ ဆက်လက်နေထိုင်နိုင်ခဲ့တယ်။

အိပ်ချိန်ရောက်တဲ့အခါ ​လောင်ယွီချန်က အိပ်ခန်းထဲက​နေ မကြာခဏ ခိုးထွက်တတ်တယ်။ အဲ့ဒီနောက် ဧည့်ခန်းထဲရှိ မှိန်ဖျော့ဖျော့မီးအိမ်ကို ဖွင့်ပြီး ဓာတ်ပုံရိုက်တယ်။ ပြီး​တော့ သူက အဲ့ဒါကို အချိန်အကြာကြီး ဘဝင်ကျစွာနဲ့ စိုက်ကြည့်နေမှာဖြစ်တယ်။

ငါ နားမလည်ဘူး။ ရှမင်ရှုက အခန်းထဲရောက်နေပေမယ့် ​လောင်ယွီချန်က သူ့ကို မထိဘူး။ အဲ့အစား သူက ဒီမှာ ထိုင်ပြီး အတိတ်ကို ပြန်သတိရဖို့အတွက် ဓာတ်ပုံကို စိုက်ကြည့်နေတယ်။ သူ ဘာလို့ ဒီလိုလုပ်တာလဲ?

ငါ သူတို့နှစ်ယောက်ကို နားမလည်နိုင်တော့ဘူး။

တစ်လတာက မြန်မြန်ကုန်ဆုံးသွားတယ်။ အခုနှစ် ဆောင်းရာသီက အေးခဲနေပြီး အကြိမ်များစွာ နှင်းကျခဲ့တယ်။ ဖေဖော်ဝါရီလအစောပိုင်းက နွေဦးပွဲတော်နဲ့ ချစ်သူများနေ့ရဲ့အစဖြစ်တယ်။

ပွဲတော်​​တွေအားလုံးက တညီတညွတ်တည်း စည်ကားလျက်ရှိ​နေတယ်။

​​လောင်ယွီချန်ရဲ့အယ်လ်ဘမ်အသစ်က နောက်ဆုံးအဆင့် ထုတ်လုပ်မှု ပြီးဆုံးသွားခဲ့တယ်။

သူ့အသံသွင်းစတူဒီယိုထဲဝင်ခွင့်ရလို့ ကံကောင်းလိုက်တာ။

သူရဲ့ ပထမဆုံးထုတ်ဝေတဲ့သီချင်းကို နားထောင်ရတာ ငါ အရမ်းကျေနပ်မိတယ်။

သူ လေးလေးနက်နက် သီချင်းဆိုနေတဲ့အချိန်မှာ အရမ်းကြည့်​ကောင်းတယ်။ သူ့ပတ်ဝန်းကျင်မှာ ဘယ်သူမှ ရှိမ​နေဘူးဆိုတာကို သိပြီး, နက်နဲတဲ့ပင်လယ်ကြီးနဲ့ ဆင်တူတဲ့ အထီးကျန်ဆန်တဲ့ခံစားချက်ကို ဖော်ထုတ်နိုင်မှသာ သူက ဂီတထဲမှာ နှစ်မြုပ်လို့ရတယ်။

Like Love But Not [ Myanmar Translation ]Where stories live. Discover now