Chapter - 12.1

175 18 2
                                    


Unicode




ငါခြေသံတစ်ခု ကြားလိုက်ရတယ်။ ညဉ့်နက်တဲ့အခါ ဆေးရုံက တိတ်ဆိတ်နေတော့ ခြေသံက အတိုင်းသားရှင်းရှင်းလင်းလင်းကြားရတာဖြစ်တယ်။

ငါ့နှလုံးခုန်နေတဲ့အရှိန်ကို ငါမထိန်းထားနိုင်တော့ဘူး။ ငါ မျှော်လင့်ချက်မဲ့နေပြီ ။ တကယ်တော့ ဒါကဆယ်နှစ်ကြာအောင်တောင် ငါတို့အကြိမ်ပေါင်းများစွာတွေ့ခဲ့ဖူးတယ်။ ဒီလို သူ့အကြောင်းကိုတွေးလိုက်တိုင်း ငါဘာလို့ စိတ်ပူနေရသေးတာလဲလို့?

တံခါးကို အပြင်းအထန် ဖွင့်ခံလိုက်ရတောင် ငါ ခုထက်ထိ ရှုပ်ထွေးမှုကိုခံစားနေရတုန်းပဲ။ ငါ့ရဲ့ လောင်ယွီချန် က တံခါးအပြင်ဘက်မှာ အမောတကောနဲ့ ငါ့ကို စူးစူးစိုက်စိုက်ကြည့်နေလေရဲ့။

ငါတို့ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေမိတယ်.......

အချိန်က တစ်နှစ်ခွဲပဲရှိသေးတယ်။အခုငါတို့ဟာ မီတာအနည်းငယ်သာကွာဝေးနေတာဖြစ်ပေမယ့် အရာများစွာက ပြောင်းလဲသွားသလို, အချိန်ကလည်း တစ်သက်တာနီးပါးကုန်ဆုံးသွားတယ်လို့ခံစားနေရတယ်။

ငါ, သူ့ကိုရယ်ပြချင်တယ်။ ဒါပေမယ့် ငါ့မျက်နှာက တောင့်တင်းနေပြီး ငါ့ကိုယ်ငါ မထိန်းချုပ်နိုင်ဘူးဖြစ်နေတယ်။

ငါ , သူ့ကို လောဘတကြီး ပြန်ကြည့်နေရုံသာ တတ်နိုင်တော့တယ်......

သူတော်တော် ပိန်သွားတယ်။ သူ့ရဲ့အရိုးတွေကို တောင်မြင်နေရပြီ။ ဒါပေမယ့်လည်း သူ့မျက်လုံးတွေကတော့ တောက်ပနေတုန်းပါပဲ။ သူ့အကြည့်တွေက ခုတော့ကြည်နူးမှုအပြည့်နဲ့ တောက်ပနေတယ်။

သူ ,ငါ့ ကို ပွေ့ဖက်ဖို့ အပြေးအလွှားလာမယ်လို့ ငါထင်ခဲ့မိတယ်။ဒါပေမယ့် သူက ရှေ့ဆက်မတိုးပဲ တံခါးအပြင်ဘက်တွင်သာ ရပ်မြဲရပ်နေတုန်းပဲ။

သူ အခန်းထဲကို ဝင်လာဖို့ ချီတုံချတုံဖြစ်နေပုံရပြီး ငါ့ကိုသာတွေတွေကြီးစိုက်ကြည့်နေလေရဲ့။

နောက်ဆုံးမှာတော့ ငါ သတိထားမိလိုက်တာက သူ တကယ်ထိတ်လန့်နေတယ်ဆိုတာပါပဲ။ သူအနည်းငယ် တုန်လှုပ်နေတယ်.. သူငါ့ကို ကြည့်နေရင်း မျက်နှာအမူအရာကိုလည်း ဖတ်ကြည့်ဖို့ အစွမ်းကုန်ကြိုးစားနေတယ်။

Like Love But Not [ Myanmar Translation ]Where stories live. Discover now