Chapter - 11.3

506 52 4
                                    


Unicode







"သူရော ဘယ်လိုနေလဲ?"

ငါ စိုးရွံ့နေသလို ခံစားရပြီး သူ့လက်ကိုလှမ်းကိုင်ကာလှုပ်ရမ်းရင်းမေးလိုက်မိတယ်။

"မဆိုးပါဘူး"

ဖန်ရှဲ့ယီက ပြန်ပြောတယ်။

ငါသူ့ကိုလက်လွှတ်ခဲ့ပြီပဲ စိတ်ချလက်ချ ခံစားနေရမှာလေ။

"မဆိုးပါဘူး"ဆိုတဲ့စကားလုံးနှစ်လုံးက ဖန်းရှဲ့ယီရဲ့ပါးစပ်မှ ထွက်လာတာမို့လို့ ငါ့အတွက်စိတ်အချမ်းသာဆုံး ခံစားရစေသည့်စကားလုံးတွေဖြစ်လေတယ်။အကယ်၍ လောင်ယွီချန်တစ်ခုခုဖြစ်နေခဲ့တာမို့ ဖန်းရှဲ့ယီက လောင်ယွီချန် ကောင်းကောင်းလုပ်နေတယ်လို့ ပြောရင် ပဲဖြစ်ဖြစ်, ဒါမှမဟုတ် ရက်စက်တဲ့အမှန်တရားကို တိုက်ရိုက်ပြောပြရင်ပဲဖြစ်ဖြစ်လုပ်တတ်တဲ့လူမျိုးမို့ပါပဲ။

"မဆိုးပါဘူး" ဆိုတဲ့ အဓိပ္ပါယ်မှာ အဆိုးဆုံးတော့ဖြစ်မလာနိုင်ပါဘူး။

"ဒါပေမယ့်... သူဝဋ်လည်နေပြီလေ..." ဖန်းရှဲ့ယီက ပေါ့ပေါ့ပါးပါးပဲ ထပ်ပြောတယ်။

လောင်ယွီချန်အပေါ် ဘာ့ကြောင့် ဖန်းရှဲ့ယီ ရဲ့ ရန်လိုမှုဟာ အရင်ကလို မပြင်းထန်တော့ဘူးဆိုတာကို ငါဂရုမစိုက်ခဲ့ပါဘူး။နောက်ပြီး သူပြောတဲ့ "ဝဋ်လည်တယ်" ဆိုတာကိုလည်း ငါအများကြီး မတွေးချင်တော့ဘူး။

လောင်ယွီချန်က ငါ့အတွက်နဲ့ ဝဋ်လည်တယ်ဆိုတာကိုလည်းသိအောင် သူပြောပြနေစရာမလိုပါဘူး။လူတိုင်းက ငါ့ကိုမေ့မြောနေတယ်လို့ထင်နေကြချိန်မှာ ငါက လောင်ယွီချန်ရဲ့ဘေးနားမှာအမြဲရှိနေခဲ့ပြီး သူ့ရဲ့ဆိုးဝါးတဲ့ပြောင်းလဲမှုတွေကိုတွေ့ခဲ့ရတာပဲလေ။

ဖန်းရှဲ့ယီအတွက်ကျတော့ ငါဟာ လွန်ခဲ့တဲ့ နှစ်ဝက်လောက်က အသည်းကွဲပြီးကိုယ့်ကိုကို သတ်သေဖို့ကြိုးစားခဲ့ဖူးတဲ့ ရှောင်ဟန်ဖြစ်နေတုန်းပါပဲ။ ဒါပေမယ့် ဒီနှစ်ဝက်အတွင်းမှာ ငါ အများကြီးသင်ယူခဲ့ရတာတွေကိုတော့သူသိမှာမဟုတ်ချေဘူး ။

Like Love But Not [ Myanmar Translation ]Where stories live. Discover now