Chapter - 12.3

161 23 1
                                    


Unicode 



ကျေးဇူးတင်စရာကောင်းစွာနဲ့ပဲ ကောင်းကင်ဘုံက ငါတို့ကို ဂရုဏာထားရန်ဆုံးဖြတ်ခဲ့ပုံရပြီး ငါတို့ကို နောက်တစ်ကြိမ်ပြန်လည်စတင်ရန် အခွင့်အရေးထပ်ပေးခဲ့လေတယ်။

အခု ,သူက ငါ့ရင်ခွင်ထဲမှာ ရှိနေတယ်။ သူက ရယ်နိုင်တယ်။ ငိုလည်းငိုနိုင်သေးတယ်။ အသက်လည်းရှုနေတုန်း... သူ့နှလုံးသားကလည်းတဒိတ်ဒိတ်နဲ့ခုန်နေတုန်းပဲ။

အောင်မြင်မှုတစ်ခုရရှိဖို့ဆိုတာခက်ခဲလွန်းတယ်။

သူက အေးစက်ပြီးမာနကြီးတဲ့သူတစ်ယောက်ပဲဆက်ဖြစ်နေပါစေ။

ဘာပဲပြောပြော ငါသူ့ကိုသဘောကျခဲ့တဲ့အချိန်တိုင်းသူက အမြဲတမ်း ဒီလိုပါပဲ။

ငါတို့အခုကစပြီး အေးအေးဆေးဆေးပြန်နေနိုင်ပြီ။

အမြဲတမ်း လောဘကြီးနေပေမယ့် အခုချိန်မှာတော့ အရမ်းကျေနပ်နေပါပြီ။

ငါသူ့အင်္ကျီလက်ကို ဆွဲလိုက်တယ်။ နောက်ဆုံးအချိန်ထိ သူက ငါ့ကို အနိုင်ရနေတုန်းပါပဲ။ သူက ငါ့ကိုပြန်ငုံ့ကြည့်ပီး တင်းမာနေတတ်တဲ့သူ့ရဲ့မျက်နှာထားကို လျော့ချလိုက်ပြီး ငါ့ပခုံးပေါ်မှာ သူ့ခေါင်းကို နာခံစွာပြန်လည် မှီတင်လာပြန်တယ်။

"လောင်ယွီချန်, ငါမင်းကိုအရမ်းလွမ်းတယ်."

သူ့နားထဲတိုးတိုးလေးပြောလိုက်တယ်။"မင်းကိုလွမ်းတယ်, ပြီးတော့ မင်းကိုအရမ်းချစ်တယ်...."

ဘယ်လောက်မတရားလိုက်သလဲ? ဒီစကားက ငါပဲအမြဲပြောနေရတာ။

ငါ နောက်ဆုံးအကြိမ်ပြောခဲ့ဖူးတုန်းက သူက လျစ်လျူရှုနေခဲ့တယ်။

အခုအချိန်မှာလည်းပြောတဲ့သူက ငါပဲဆိုပေမယ့် သူကတော့ ပြောမပြနိုင်လောက်အောင် ငိုကြွေးနေလေရဲ့။

ရုတ်တရက်ကြီး အရာအများကြီးကို ဆုံးရှုံးသွားတယ်လို့ခံစားလိုက်ရတယ်။ ငါ,သူ့ကိုအရမ်းသနားတာပဲ။ နောက်ဆုံးတော့ သူ့လက်ဖဝါးထဲမှာ ပြန်ပြီး အဝှက်ခံရတော့မယ်ထင်တယ်။

Like Love But Not [ Myanmar Translation ]Where stories live. Discover now