Chapter - 12.2

163 21 2
                                    


UNICODE



ပခုံးတွေက သူကိုင်ထားတာကြောင့်နာကျင်လာပြီမို့ သူ့လက်တွေကို ငါ့လက်ထဲပြောင်းကိုင်လိုက်တယ်။

အဲ့ဒီအခါကျမှ သူ့လက်ကောက်ဝတ်ရှိ ကြောက်စရာကောင်းတဲ့ အမာရွတ်ကို သတိထားမိတော့တယ်။

တကယ်တမ်း ငါ ,တော်တော်အံ့ဩသွားတာ။ ဒီလက်ကောက်ဝတ်က အမာရွတ်တွေကို ငါဘယ်လိုမှ မရင်းနှီးတာ အမှန်ပဲ။ လွန်ခဲ့တဲ့ဆယ်နှစ်လောက်က ငါသဘောကျခဲ့ရတဲ့လက်တွေက အမြဲတမ်းသေးသွယ်ပြီး အပြစ်အနာဆာမရှိပဲ ဖြူစင်သန့်ရှင်းနေခဲ့တယ်.....

လောင်ယွီချန် ,သူက ပိုင်ရှင်ကောင်းတစ်ယောက်တော့မဟုတ်ဘူး။ သူ့လက်ထဲမှာရှိနေတဲ့ကောင်းတဲ့အရာမှန်သမျှကို ပျက်စီးသွားစေတဲ့သူပဲ။

ရုတ်တရက်ပေါ်လာတဲ့ အမာရွတ် တွေက အချိန်တွေအကြာကြီး ငါ, ဂရုတစိုက် သဘောကျခဲ့တဲ့ အရာကို ဖျက်ဆီးပစ်လိုက်တယ်။

"ဒါ တွေက ဘာတွေလဲ?"

ငါ့နှလုံးသားကတဖန်ပြန်နာလာရပြန်တယ်။

ကျေးဇူးပြုပြီး , ငါထင်နေသလို မဖြစ်ပါစေနဲ့.... ကျေးဇူးပြုပြီး!!!

ငါ့ရဲ့ဘယ်ဘက်လက်ကောက်ဝတ်မှာ အမာရွတ်တစ်ခုပဲရှိတယ်။ အဲ့ဒါက ရုပ်ဆိုးပေမယ့် ခြောက်လလောက်ရှိနေပြီဖြစ်တာကြောင့် အမာရွတ်က သေးသေးလေးပဲမြင်ရတော့တယ်။

သို့ပေမယ့် သူ့လက်ကောက်ဝတ်ရှိ အမာရွတ်ကကျ....ထင်ထင်ရှားရှားနဲ့ကို တည်ရှိနေတာ။

ငါမယုံဘူးနော်!

ငါထင်သလို ဖြစ်မှာမဟုတ်ပါဘူး..ဟုတ်တယ်မလား?

ငါ့ရဲ့ လောင်ယွီချန်ကလေ, အဲ့လောက်ထိ မိုက်မဲတဲ့သူမဟုတ်ဘူးမလား?

သူဘာမှမပြောဘူး။ သူလုပ်နေတဲ့ တစ်ခုတည်းသောအရာက သူ့ခေါင်းကို ငါ့ပခုံးပေါ်တင်ပြီး အရာအားလုံးကိုလျစ်လျူရှုထားတာပဲ။

ဖန်းရှဲ့ယီ ကို ငါ လှမ်းကြည့်လိုက်တယ်။ ငါနဲ့သူက တိုက်ရိုက်မျက်နှာချင်းဆိုင်နေသလိုဖြစ်နေပြီး လောင်ယွီချန်ကကျ ကျောပေးထားတာဖြစ်တယ်။ ဖန်းရှဲ့ယီ က သူ့ညာဘက်လက်ညှိုးကို အသုံးပြုပြီး ဘယ်ဘက်လက်ကောက်ဝတ်ကိုလှီးဖြတ် နေတဲ့ ပုံစံလုပ်ပြလေရဲ့။

Like Love But Not [ Myanmar Translation ]Where stories live. Discover now