Chapter - 1.4

885 134 13
                                    

UNICODE

"လမ်းပျောက်သူတစ်ယောက်ရဲ့ ၀မ်းနည်းပူဆွေးခြင်း"

တကယ်လို့ ငါသာ အသက်ရှင်နေသေးတုန်းသာဆို  ဒီဇိုင်နာချုပ်တစ်ယောက်အဖြစ် နာမည်ရခဲ့တဲ့ မစ္စတာ Lu De Vici ကို  နောက်တစ်ခါတွေ့ရင် ရယ်မိမှာအမှန်ပဲ။ သေချာတယ်! 

"ရှောင်လု, မင်းကိုယ်တိုင် ဒီဇိုင်းထုတ်ထားတဲ့ နားကပ်က မင်းရဲ့လက်အောက်ငယ်သား ဒီဇိုင်းထုတ်ထားတဲ့ ဝတ်စုံနဲ့ မလိုက်ဖက်ဘူး"

အဲ့ဒီလိုကိုသေချာပြောပစ်လိုက်ချင်တာ။

လောင်ယွီချန် က ဓာတ်ပုံဆရာကို တစ်ချက်ကြည့်လိုက်တယ်။ဓာတ်ပုံဆရာက သိသိသာသာကို စိတ်မကောင်းဖြစ်သွားတယ်။  ဘေးနားကလူတွေလည်း ထိတ်လန့်မှုကြောင့် ချွေးတွေထွက်နေကြတယ်။

ဟုတ်ပါတယ်!  လောင်ယွီချန်က  ငါးနှစ်ကြာ ပွဲဦးထွက်ခဲ့ပြီး ကြီးမားသော အောင်မြင်မှု ရရှိခဲ့တယ်။  သူ့ပုံစံက အပြောင်းအလဲများစွာရှိခဲ့တယ်။  ဒါပေမယ့် ဘယ်သောအခါမှ မပြောင်းလဲနိုင်တဲ့ တစ်ခုတည်းသောအရာကတော့  သူ့ဘယ်ဘက်နားမှာ ငွေ‌ရောင်လက်ဝါးကပ်တိုင်နားကပ်တစ်ခုကို၀တ်ထားတာပဲဖြစ်တယ်။

အမျိုးမျိုးသောရှိုးပွဲတွေမှာ တင်ဆက်သူအများအပြားက  ထိုနားကပ်နောက်ကွယ်ရှိ ဇစ်မြစ်နှင့် ဇာတ်လမ်းကို သိချင်ကြသဖြင့်  တတ်နိုင်သမျှ အသဲအသန် ကြိုးစားခဲ့ကြတယ်။

နားကပ်အကြောင်းပြောရင် တော့ဒါဟာ ငါ့ဘဝမှာ ဂုဏ်ယူခဲ့ရတဲ့ အရာအနည်းငယ်ထဲက တစ်ခုတည်းသောအရာပါပဲ။

သူ့ရဲ့ တစ်ဆယ့်ရှစ်နှစ်မြောက် မွေးနေ့တုန်းက ငါပေးခဲ့တဲ့ သူ့အတွက်လက်ဆောင်လေးပေါ့။

ဒါကငါပေးခဲ့တဲ့ လက်ဆောင်တွေအားလုံးထဲမှာ တစ်ခုတည်းသော ကြည့်ကောင်းတဲ့အရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

သူ့အတွက် ဒီနားကပ်ကို စိတ်ကြိုက်ဖန်တီးနိုင်ဖို့ ကမ္ဘာကျော် ဖက်ရှင်ဒီဇိုင်နာကြီး Lu De Vici ကို သေချာလေးအပ်ခဲ့တယ်။  ဒါ့ကြောင့်မို့ ဇီဇာကြောင်တတ်တဲ့ သူတောင် ကြာကြာ သဘောကျနေသေးတုန်းပဲဖြစ်တယ်။

Like Love But Not [ Myanmar Translation ]Where stories live. Discover now