Chapter - 9.2

355 44 5
                                    

Unicode

ရှမင်ရှုက ခါတိုင်းလိုပဲ အေးဆေးတည်ငြိမ်ပြီး နူးညံ့သိမ်မွေ့နေတုန်းဆို​ပေမယ့် သူတို့ရဲ့တစ်ချိန်က လုံးဝကို အတွဲညီတဲ့ဆက်ဆံရေးဟာ အခုအချိန်မှာ မရှိတော့ဘူးဆိုတာကို ငါ မြင်​နေရတယ်။

​လောင်ယွီချန်က ဖြည်းဖြည်းချင်း ဖျက်ဆီးပစ်နေတာကို ငါ့မျက်လုံး​တွေနဲ့ မြင်တွေ့လိုက်ရတယ်။

ဒါဟာ မထိုက်တန်တဲ့ငါ့ကြောင့်လား။

ဒါပေမယ့် ​လောင်ယွီချန် သူ့မှာရှိ​နေတာကို မမြတ်နိုးတဲ့အတွက် ငါ မဆူငေါက်နိုင်တော့ဘူး။ ရှမင်ရှုရဲ့ ကံမကောင်းတဲ့အချိန်အတွက် အပြစ်တင်​နေလို့မရဘူး​လေ။ ငါ့ရဲ့သူ​တော်​ကောင်း​ယောင်​ဆောင်ထားတဲ့ဆု​တောင်း​တွေကိုလည်း သူတို့ကို ဆက်ပြီး ပေးလို့မရတော့ဘူး။

​လောင်ယွီချန်ဟာ အရာအားလုံးကို ဖျက်ဆီးပစ်နေတာကို ငါ တွေ့လိုက်ရတယ်။ ဒါဟာ တုန်လှုပ်ချောက်ချားစရာ​ကောင်းပြီး နားမလည်နိုင်ဘူးဆိုပေမယ့် ငါ ခံစားခဲ့ရသမျှကတော့ ဝမ်းနည်းစရာ​တွေပါပဲ။

​လောင်ယွီချန်က ပုံမှန်အတိုင်း ရိုးရိုးရှင်းရှင်းပါပဲ။ သူဘာပဲလုပ်လုပ် တခြားသူတွေရဲ့ခံစားချက်ကို ဂရုမစိုက်ဘဲ သူလုပ်ချင်တာကို လုပ်ခဲ့တယ်။

အခုချိန်ကစပြီး သူဘာဆက်လုပ်မှာလဲ?

ငါ အဲ့ဒါကို မတွေးရဲဘူး။

နောက်ဆုံးမှာ​တော့ ရှမင်ရှုက ​လောင်ယွီချန်ကို စိတ်ရောဂါကုဆရာဝန်ဆီ ဆွဲခေါ်သွားခဲ့တယ်။ ရလဒ်က​တော့ ​လောင်ယွီချန်ဟာ ထိုးနှက်ချက်က ကြီးမားလွန်းတာကြောင့် လက်​တွေ့ကို မသိစိတ်က​နေ လွတ်မြောက်သွားတာဖြစ်ပြီး သူ့ရဲ့အလွန်အကျွံအပြစ်တင်​နေမှုကြောင့် အနည်းငယ်ကယောင်ချောက်ချားဖြစ်​သွားတာဖြစ်တယ်။

ရလဒ်အပေါ် မှာ ​လောင်ယွီချန်ရဲ့တုံ့ပြန်မှုက​တော့ စကားလုံးလေးလုံးသာဖြစ်တယ် - သူက အဓိပ္ပါယ်မရှိတာ​တွေ ​ပြော​နေတာတဲ့။

​လောင်ယွီချန်က အမှန်တရားကို လက်ခံနိုင်မှာမဟုတ်ဘူးဆိုတာ ငါသိတယ်။ ဒါပေမယ့် သူ ကယောင်ချောက်ချား ဖြစ်​နေတာ​တော့ မဟုတ်ဘူး။

Like Love But Not [ Myanmar Translation ]Where stories live. Discover now