Chapter - 1.2

1.1K 130 7
                                    

UNICODE

"လမ်းပျောက်သူတစ်ယောက်ရဲ့ ၀မ်းနည်းပူဆွေးခြင်း"



ငါက သူ့ဆီမှာတွယ်ကပ်နေတာပေါ့။ ဒါကိုဘယ်လိုပြောရမလဲ? ကမ္ဘာမြေကြီး ဝိညာဉ်လား?

လုပ်ထုံးလုပ်နည်း‌ေတွမှာ တစ်စုံတစ်ခု ချို့ယွင်း သွားတာဖြစ်နိုင်တယ်။ ဟုတ်တယ်! ဖြစ်နိုင်တယ်။ ငါ့ရဲ့အခြေအနေက "Ghost" ဇာတ်လမ်းနဲ့တူတယ် ။ငါ့နောက်မှာ ကောင်းကင်ကိုသွားဖို့တံခါးဖွင့်ထားပေမယ့် အဲဒါကို ငါမမြင်လိုက်ရဘူး။

ဒါမှမဟုတ် အဖြူအမည်း မမြဲခြင်းတရားက ဒီနေ့ အလုပ်ရှုပ်နေပြီး ငါ့ကို ဒီမှာ မတော်တဆ ထားခဲ့တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။

ဒါမှမဟုတ် သူ့ကို ဂရုမစိုက်ဘူးလို့ ထင်ခဲ့ပေမဲ့ တကယ်တမ်းကျတော့ သူ့အပေါ်စွဲလမ်းမှုတွေပြည့်နှက်နေပြီး
ထားခဲ့ဖို့ကိုစိတ်မချဖြစ်နေခဲ့တာပဲ။

ငါမသိတော့ဘူး!

တဖြည်းဖြည်း ပိုပိုပြီး နားလည်လာတဲ့အခါမှာ ငါက သူ့ဘေးမှာ မျောလွင့်နေပြီ။ မျောလွင့်တာလို့ ငါ့ကိုယ်ငါ ဖော်ပြဖို့အတွက် အမှန်တကယ် တိကျတဲ့ စကား‌ေတာ့မဟုတ်ပေ။ ငါ့ခန္ဓာကိုယ်က အရမ်းပေါ့ပါးနေပေမယ့် ငါ့ခြေထောက်တွေက ငါအသက်ရှင်နေသေးသလိုမျိုး မြေကြီးနဲ့ထိနေတုန်းပဲ။

ထုံးစံအတိုင်း သူက ငါ့ကို မမြင်နိုင်ဘူး။ ငါ့ဖြစ်တည်မှုကိုလည်း သူမသိခဲ့ဘူး။ သို့ပေမယ်လည်း သူပြောင်းသွားမယ်ဆိုရင် ငါလဲ သူနှင့်အတူ ဆွဲထုတ်ခံရမှာဖြစ်တယ်။

ငါခန့်မှန်းကြည့်ရ‌သလောက် သူနဲ့ အဝေးဆုံးသွားနိုင်တဲ့ အကွာဝေးက သူ့ဆီကနေ သုံးမီတာ အကွာအဝေးထိပဲ!

အမှန်တော့ ငါ ပထမဆုံး သတိဝင်လာတာက စောစောကပါပဲ။ ငါကားထဲကို ရောက်နေမှန်း ရုတ်တရက် သိလိုက်ရချိန်မှာ သူက မောပန်းနေတဲ့ မျက်နှာနဲ့ ကားနောက်ခုံမှာ ထိုင်နေတယ်။ သူ့မှာ အလုပ်ချိန်တွေပြည့်နေတာပဲလို့ ငါပြောနိုင်တယ်။

နာမည်ကြီးတစ်ယောက်ဖြစ်ဖို့ အရမ်းခက်ခဲတယ်။

လက်ကို ဆန့်လိုက်‌ေပမယ့် မထိနိုင်ဘူး။

Like Love But Not [ Myanmar Translation ]Tahanan ng mga kuwento. Tumuklas ngayon