Chapter - 3.1

740 124 7
                                    

UNICODE




"နွေရာသီလေပြင်း"

ရှမင်ရှုဟာ ညဥ့်နက်မှ အိမ်ပြန်ရောက်ပြီး ညစာကိုအပြင်ကနေမှာလိုက်ကြတယ်။ ထို့နောက် နှစ်ယောက်သား ဧည့်ခန်းထဲတွင် အေးအေးချမ်းချမ်း စားသောက်ကြနေကြလေရဲ့။

ရှမင်ရှုနဲ့ငါ့ ကြားကွာခြားချက်ကို ရက်အနည်းငယ်ကြာ သုတေသနပြုပြီးတဲ့နောက်မှာတော့ငါအဓိကရှာဖွေတွေ့တဲ့အချက်ကတော့ဒါပဲဖြစ်တယ်။ ငါ့ရဲ့ကြောက်စရာကောင်းလောက်တဲ့အချက်အပြုတ်ကျွမ်းကျင်မှုမှလွဲ၍ အခြားကဏ္ဍအားလုံးတွင် သူကငါ့ထက်အစစအရာရာသာလွန်းနေတယ်။

ရုပ်ရည်နှင့် ခံစားချက်တွေအပြင် သူနှင့် လောင်ယွီချန်တို့က ပိုပြီးနီးကပ်ခဲ့တာကြောင့်ရှမင်ရှုက အနိုင်ရခဲ့တာထင်တယ်။လောင်ယွီချန် ကငါ့ကိုဆက်ဆံခဲ့သလို သူ့ကိုဘယ်တုန်းကမှ မဆက်ဆံခဲ့ဖူးပါဘူး။

ကမ္ဘာပေါ်ရှိလူတိုင်း တန်းတူညီတူမဆက်ဆံခံရလို့ ငါ စိတ်မဆိုးမိတော့ဘူး။ ရှမင်ရှုက နှိမ့်ချခြင်းလည်းမဟုတ် မာနကြီးသူလည်းမဟုတ်သလို လွတ်လပ်သောလူတစ်ယောက်သာဖြစ်တယ်။ ဒီလိုစရိုက်မျိုးကိုငါသူ့ဆီကနေသင်ယူသင့်တယ်လို့ ခံစားရတယ်။

မှန်လိုက်တာ!မင်းပိုင်တဲ့မင်းရဲ့ဥစ္စာပစ္စည်းတွေဆို မင်းပိုင်လိမ့်မယ်။ မင်းပိုင်တဲ့အရာမဟုတ်ရင် ဘယ်လောက်ပဲ တောင်းတနေပါစေ အဲဒါ မင်းအပိုင်ဖြစ်လာမှာ မဟုတ်ဘူး။ဒါကြောင့် ဟန်ဆောင်နေစရာ မလိုသလို ငါ့လောက် နိမ့်ကျနေစရာ မလိုဘူးဆိုတာ သေချာပါတယ်။

ရှမင်ရှုကလောင်ယွီချန် ကို သဘောကျသော်လည်း လောင်ယွီချန်ကရှမင်ရှု မပါဘဲသူ့ ဘဝကို မထိန်းသိမ်းနိုင်ပုံပေါ်နေတာကြောင့် သူတို့အတူရှိစဉ်အချိန်တွေဆို လောင်ယွီချန်ကအလွန်နူးညံ့သိမ်မွေ့လျှက်ရှိတယ်။ သူသာနူးညံ့မှုမရှိလို့ရင် ရှမင်ရှု က သူ့ကို ဆက်လက်သဘောကျနေမယ်လို့အာမခံနိုင်မှာမဟုတ်ပေ။ဒီအချက်က သူ့အား လုံး၀ ချုပ်နှောင်ထားရတဲ့ ငါနဲ့မတူပဲကွဲပြားပေတယ်။

ရှမင်ရှုဟာဒီကမ္ဘာပေါ်တွင် ငါမြင်ဖူးသမျှထဲမှာ အပြည့်စုံဆုံး ပုဂ္ဂိုလ်တစ်ဦးပင်။ သူ့အသွင်အပြင်က ကွဲပြားထင်ရှားနေပြီး သူ့မှာ ရွှေရောင်နှလုံးသားတစ်စုံလဲရှိတယ်။ သူ့ရဲ့ပြုပြင်ဆောင်ရွက်ချက်တွေကလည်းအမှန်တွေပဲ။ သူ့စိတ်နေစိတ်ထားကောင်းနေတဲ့အခါမှာသူ့ကိုဘုရားရှင်ကဖန်ဆင်းထားတာဖြစ်တယ်လို့ လူအများက ထင်မြင်နေကြတယ် ။

Like Love But Not [ Myanmar Translation ]Where stories live. Discover now