Chapter - 10.3

362 51 9
                                    

Unicode

ငါ ဘာပြောရမှန်းမသိ​တော့ဘူး။ သူက အခု ငါ့ကို ချစ်ပြီး ​ပွေ့ဖက်​​နေတယ်။ ငါကလည်း သူ့ကို ချစ်တယ်။

ဒါပေမယ့် ငါ သိ​ပါတယ်။ အခု ဘယ်လောက်ပဲ လှပနေပါစေ, အရာအားလုံးက ပူဖောင်းတွေလိုမျိုး ပျောက်ကွယ်သွားလိမ့်မယ်ဆိုတာကို​ပေါ့။

အရာအားလုံးက နောက်စက္ကန့်မှာ ပြီးဆုံးသွားနိုင်တယ်။ ငါကလည်း နောက်တစ်စက္ကန့်မှာ ပျောက်ကွယ်သွားနိုင်တယ်။

ဒါ​ပေမယ့်လည်း ​လောင်ယွီချန်က​တော့ သူ့ရဲ့နှိုင်းယှဥ်စရာမရှိတဲ့ပျော်ရွှင်မှုထဲမှာ နှစ်မြှုပ်နေတုန်းပဲ။ ငါ သူ့ကို ထိုင်ခုံ​ပေါ်မှာ အနားယူ​အောင် တွန်းထုတ်လိုက်ပေမယ့် သူက ဘာပဲဖြစ်ဖြစ် ငါ့လက်ကို လွှတ်မပေးဘူး​လေ။

သူက ​ပြောတယ်, "ဒီတစ်ခါတော့ ငါ မင်းကို ထပ်ထွက်သွားခွင့်မ​ပေးတော့ဘူး"

​လောင်ယွီချန်ကို မျက်လုံးတွေမှာ မျက်ရည်တွေအပြည့်ဖြစ်​နေပြီး နူးညံ့တဲ့အပြုံးတစ်ခုနဲ့အတူ နာခံမှုရှိစွာ လဲလျောင်းနေတာကို မြင်လိုက်ရတာက ဘယ်လောက်တောင် တုန်လှုပ်စရာ​ကောင်းမှန်း ငါ မသိခဲ့ဘူး။

သူက အေးစက်ပြီး ချစ်စရာကောင်းတဲ့လူ မဟုတ်တော့ဘဲ ဒီအခိုက်အတန့်မှာ​တော့ သူ့ရဲ့ နုနယ်ပြီး နှလုံးသားကို လွမ်းဆွတ်ဖွယ်ကောင်း​စေတဲ့ပုံရိပ်က လွှမ်းမိုး​လို့နေတယ်။

"မင်း ငါ့ကိုထားခဲ့မှာမဟုတ်ဘူးလို့ ငါ အမြဲတမ်းထင်​နေခဲ့တာ" သူ့အသံက အက်ကွဲ​နေပြီး သူပြောသမျှ စကားလုံးတိုင်းက နာကျင်စေပေမယ့် သူက စကား​ပြောဖို့အတွက် အစွမ်းကုန်ကြိုးစား​နေတုန်းပဲ။

"မင်းက ငါ့အနားမှာ အမြဲရှိနေတာ​လေ, ​​ငါ့အတွက် အရာရာတိုင်းကို ပြင်ဆင်လုပ်ပေး​နေတာ, အခု​တော့ ငါ ဘာလုပ်ရမှန်းမသိ​တော့ဘူး​, ငါ မင်းမရှိဘဲ မနေနိုင်တော့ဘူး... ငါ အရမ်းမိုက်မဲခဲ့တာပဲ, ငါ ဘာလို့ ဒါကို သတိမထားမိခဲ့တာလဲ​​? မင်းက​တော့ ဒါကို သိပြီး​တော့ စီစဉ်နေတာ ကြာ​လောက်ပြီ, မင်း ထွက်သွားမယ်ဆိုရင် ငါ အသက်မရှင်နိုင်ဘူးဆိုတာကို မင်း သိ​နေတယ်... မင်းက အရမ်းမိုက်တာပဲ, အခု ကြည့်, မင်းလိုချင်တဲ့ ရလဒ်တွေ ရ​နေပြီ​လေ…”

Like Love But Not [ Myanmar Translation ]Where stories live. Discover now