Chapter - 3.2

720 121 4
                                    

UNICODE


လောင်ယွီချန်က အလွန်အမင်းစိုးရိမ်နေခဲ့တာပေါ့။ ခွဲစိတ်မှုက ၈၀ရာခိုင်နှုန်း လောက်အတော်လေးအောင်မြင်ဘေးကင်းတယ်လို့ပြောရမယ် ။

ဘယ်လိုဖြစ်ဖြစ် ငါ့ရဲ့ နက်‌မှောင်နေတဲ့ အနာဂတ်ကို ခံစားလိုက်ရတော့တာပါပဲ။ အခုကစပြီး ရှမင်ရှုက ငါတို့ဘ၀မှာ ထာဝရပေါ်လာမှာအသေချာပင်။ လောင်ယွီချန် ကို ငါ့ဆီကနေ လုယူသွားမယ်ဆိုတဲ့ အတွေးကငါ့ကို ခြောက်လှန့်ခဲ့ပြီး ငါ့ စိတ်တွေလဲ မငြိမ်မသက်ဖြစ်ခဲ့ရတယ်။

ခွဲစိတ်မှုက အဆုံးတွင် အလုံးစုံအောင်မြင်ခဲ့ပြီ။ အဲ့သတင်းကြားပြီးနောက် လောင်ယွီချန်ဟာ ငါ့ရင်ခွင်ထဲမှထွက်သွားခဲ့တာကို ငါမှတ်မိနေသေးတယ်။ သူက ကောင်းကင်ဘုံကိုကြည့်ကာ ဒူးထောက်ထိုင်ချလိုက်ပြီး မျက်ရည်တွေက မိုးလိုပဲ ကျနေလေရဲ့။

ငါလည်းသူ့လိုပဲငိုခဲ့တာ မှန်ပေမယ့် ဒါဟာ လုံးဝကွဲပြားတဲ့ အကြောင်းပြချက်ကြောင့်ပဲ။

အဲဒီနေ့ ကံကြမ္မာကို ရှမင်ရှု က ဆက်ထိန်းထားနိုင်တော့ ငါ့ ဘဝမှာ အရေးကြီးဆုံးလူကို ဆုံးရှုံးသွားခဲ့ပြီဆိုတာ ငါနားလည်မိလိုက်တယ်။

လောင်ယွီချန်နဲ့ ရှမင်ရှုတို့ရဲ့ နွေးထွေးချိုမြိန်တဲ့ နေ့ရက်တွေဟာ ဆယ်ရက်ကျော်ကြာ ဆက်လက်တည်ရှိနေခဲ့တယ်။ အခုတော့ သူတို့ကို ငါအေးအေးဆေးဆေး ကြည့်နိုင်ပြီပေါ့.....

သူတို့ရဲ့ အသေးအမွှားပဋိပက္ခတွေကို ငါက ဆက်ပြီး ချဲ့ထွင်နေတာကြောင့် ငါ့ရဲ့ မှောင်မိုက်ပြီး ကောက်ကွေးနေတဲ့ စိတ်တွေက လုံးလုံးငြိမ်သက်သွားတယ်လို့ မပြောနိုင်ပါဘူး။

ရှမင်ရှုကိုငါ အမှားရှာပြီးပြောလေ့ရှိတယ်။

သူက ပန်းကန်ပြားတစ်ချပ်ကို ကိုးရိုးကားရား ချလိုက်တဲ့အခါ ငါတခြားတစ်ဖက်နေ သူ့ကို ကဲ့ရဲ့လှောင်ပြောင်နေလိမ့်မယ်။ သူ အစားအသောက် ပျက်သွားရင် ငါ ဟက်ဟက်ပက်ပက် ရယ်နေလိမ့်မယ်။ ရှမင်ရှုအစစ်က သူ့နေ့စဉ်ဘဝမှာ အနည်းငယ် သိုသိုသိပ်သိပ်ရှိပြီး လောင်ယီချန်ကတော့ ငါ့ရဲ့ ပြုစုစောင့်ရှောက်မှုကို နှစ်ပေါင်းများစွာ ခံလာတာကြောင့် သူ့ဘာသာသူ ဘာမှ အများကြီး မလုပ်ဆောင်နိုင်ပေ။ ဒါ့ကြောင့်ငါနှင့်လောင်ယီချန် တို့ ရှစ်နှစ်ကြာအတူနေထိုင်ခဲ့သော အိမ်ဟာ ရက်သတ္တပတ်အတွင်း မှာပင်ရှုပ်ပွသွားခဲ့တော့တယ်။

Like Love But Not [ Myanmar Translation ]Where stories live. Discover now