တကယ်ပဲ ,လောင်ယွီချန်နဲ့နေရတာ အရှုံးပေါ်နေတာချည်း...

မေ့လိုက်တော့...

အချိန်တွေ အများကြီးကျန်နေသေးတာပဲ။ နောက်များကျ အကြိမ်ထောင်ပေါင်းများစွာ ပြောခိုင်းပြမယ်!

ငါလည်းအရင်ကထက် ပိုကောင်းအောင်လုပ်နိုင်လာပြီ။ နောက်ပြီး လောင်ယွီချန်ကိုလည်း ဖြည်းညှင်းစွာ ကိုင်တွယ်နိုင်လာပြီ။ ဒီနေ့တော့သူ့ကိုလွှတ်လိုက်ပါမယ်လေ။

နောက်တစ်နေ့ကျ သတင်းကြားပြီး ရှောင်လုတစ်ယောက် ရောက်လာချိန်တွင် လောင်ယွီချန်သည် ကိတ်မုန့်ပူပူလေး ကို ငါ့ဆီသေချာ ခွံ့ကျွေးနေခဲ့တယ်။ ချစ်ခြင်းမေတ္တာ အပြည့်ဖြင့်ပြုလုပ်ထားတဲ့ မနက်စာပါပေါ့။

လောင်ယွီချန်လက်ထဲက ကိတ်မုန့်ကို ရှောင်လု ဆွဲယူပြီး မလွှတ်ပစ်မီ သူတို့နှစ်ဦးသား အမုန်းတရားများစွာဖြင့် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြည်လေရဲ့။

" ရှောင်ဟန် , မင်းနိုးလာပြီးပေါ့ ! ဟေး, မင်းကသူ့ကို မဟုတ်တရုတ်တွေ ကျွေးနေပြန်ပြီလား? ဘယ်လိုတောင် မဆင်မခြင်လဲ?"

ထို့နောက် , အလှလေး လု ဟာ ငါ့ရှေ့ သို့ရောက်ရှိလာပြီး တောက်ပသေသပ်တဲ့ အပြုံးဖြင့် သူလုပ်လာခဲ့တဲ့ မနက်စာဘူးကို ဖွင့်လိုက်တယ်။

" ငါ, မင်းအတွက် မနက်စာ ,အာဟာရရှိတဲ့ ဟင်းရည်ချက်ပြုတ်ဖို့ မနက်အစောကြီး အိပ်ရာကနေထရတာနော်, ဒါကနွေးနေတုန်း စားကြည့်ပါဦး"

လောင်ယွီချန် သူ့ထံမှ လုယူခံလိုက်ရတဲ့ ကိတ်မုန့်ကို စိုက်ကြည့်နေတယ်။ သူ ဒေါသထွက်တော့မယ့်ဆဲဆဲ ဖြစ်သော်လည်း ရှောင်လုရဲ့ အရသာရှိပုံပေါ်တဲ့ နံနက်စာကို မြင်ပြီးနောက်မှာတော့ သူ့ဒေါသတွေဟာ ဖောင်းကားနေတဲ့ မီးပုံးပျံ ကနေ ရုတ်တရက်ပေါက်ထွက်သွားတဲ့ မီးပုံးတစ်ခုလိုမျိုး ဆုတ်ယုတ်သွားပြီဖြစ်တယ်။ အေးစက်နေတဲ့ မျက်နှာထားဖြင့်သာ ဘေးနားက ကုလားထိုင်ပေါ်တွင်ထိုင်ကာ ဘာမှမပြောတော့ပေ။

"ဘာကြည့်နေတာလဲ?"

လောင်ယွီချန်ရဲ့ မကျေမနပ် စိုက်ကြည့်ခြင်းကိုခံစားနေရတဲ့‌ ရှောင်လု ကတော့သူ့မျက်လုံးတွေကို ဟိတ်ဟန်ပါပါ ပင့်တင်လိုက်ပြီး ပြောတယ်။

Like Love But Not [ Myanmar Translation ]Where stories live. Discover now