ငါ စိတ်လွတ်ထွက်သွားသလို အော်ဟစ်ပြီး လောင်ယွီချန်ကို တင်းတင်းကြပ်ကြပ်ဖက်လိုက်တယ်။

" လောင်ယွီချန် , မင်းဒါဘာလုပ်လိုက်တာလဲလို့?"

လောင်ယွီချန်က ခေါင်းမဖော်ဘဲ ငါ့ကိုသာ ပိုပြီးတင်းတင်းပွေ့ ဖက်ထားတယ်။

ငါ ,သူ့ကို အတင်းတွန်းဖယ်ပြီး သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်တယ်။ သူ့မျက်လုံးတွေက နီရဲနေတုန်းပဲ။

သူ,လုံးဝမငိုမိအောင် အစွမ်းကုန်ထိန်းထားသလိုမျိုး။

အမာရွတ်တွေ, အများကြီးပဲ. .. ဒါတွေကို သူဘယ်နှခေါက်တောင်လုပ်ခဲ့တာလဲ?

"ငါ့ကြောင့် မင်းကိုယ်မင်း နာကျင်အောင်လုပ်တာလား?"

အမာရွတ်တွေက တကယ်အများကြီး။ တကယ်လို့များ မင်းသေသွားရင် ဘာဖြစ်မှာလဲ? ငါ နိုးလာလို့ မင်းသေသွားတာကိုတွေ့ရင်ရော ဘယ်လိုလုပ်ရမှာလဲ? ရိုမီရို နဲ့ဂျူးလီယက် ပြဇာတ်ဟောင်းကို ပြန်ပြီးအသက်သွင်းမလို့လား!! ဟမ်?

ကြောက်ရွံမှုက ငါ့တစ်ကိုယ်လုံးကိုလွှမ်းခြုံသွားပြီး ပင့်ကူမျှင်တွေထဲ မြုပ်သွားသလို အသက်ရှုမဝအောင်လုပ်နေလေရဲ့။

"လောင်ယွီချန် , မင်းဒါကိုဘယ်လိုများလုပ်ရတာလဲ" ငါသူ့ကိုအော်လိုက်တယ်။

" မင်းတောင်လုပ်နိုင်တာပဲ ကိုယ်က ဘာလို့များမလုပ်နိုင်ရမှာလဲကွာ " နောက်ဆုံးတော့ သူက ငါ့ကိုတည့်တည့်ကြည့်လာခဲ့ပြီ။ သူကငါ့ထက် မတရားမှုနဲ့ ကြောက်ရွံ့တာတွေကို ပိုခံစားရပြီး သူ့ရဲ့အဖြေက ငါ့ထက်ပိုပြင်းထန်လေရဲ့..

" မင်းသာ သေသွားခဲ့လို့ရင် ကိုယ်က ဘာလို့များအသက်ဆက်ရှင်နေရမှာလဲ"

ဒါက ဘယ်လိုယုတ္တိမရှိတာမျိုးလဲ။ ငါသေတဲ့အခါ မင်းကဘာလို့အသက်မရှင်နိုင်ရတာလဲ။

မင်း သတ်သေဖို့ ကြိုးစားရုံနဲ့ အဲ့ဒီရေအေးကန်ထဲကနေ မင်းကို ငါမကယ်ခဲ့ဘူး!

ဒါပေါ့, ငါသိတာပေါ့! နာကျင်မှုတွေ ,ဝမ်းနည်းမှုတွေနဲ့ နောင်တတရားတွေကိုမင်းခံစားရမယ်ဆိုတာ ငါသိပါတယ်။ ငါသေသွားခဲ့ရင်လည်း မင်းငါ့ကို အမြဲသတိရနေမယ်ဆိုတာလည်းသိတယ်။

Like Love But Not [ Myanmar Translation ]Where stories live. Discover now