သူ က ငါတစ်ခုခုတုန့်ပြန်တာကို စောင့်နေပုံရတယ်။ ငါ့ ဆီကနေ ပြတ်သားတဲ့ ဆုံးဖြစ်ချက်ကို မရမီ သူတကယ်တမ်း မလာသင့်သေးပေ။

ငါ ရယ်လိုက်မိတယ်..... ဘယ်မှာတုန်း မာနကြီး တဲ့ လောင်ယွီချန်?

ငါက လည်း လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က ငါမဟုတ်တော့ဘူး။ တကယ်လို့ အဲ့ဒီတုန်းက ငါရှိနေသေးတယ်ဆိုရင်တောင်,အခု သူ့ကို ဘယ်လို မုန်းနိုင်ပါ့မလဲ ။ ဒါမှမဟုတ် လျစ်လျူရောရှုနိုင်ပါ့မလား?

သူ က ငါ့တစ်သက်တာလုံးမှာ ခိုင်မာစွာ အမြစ်တွယ်နေခဲ့ပြီး ငါ့ အသွေး အသား တစ်စုံလုံးနဲ့ ရောနှောထားခဲ့ပြီးသားဖြစ်နေပြီလေ...တကယ်လို့သူ့ကိုသာ ခွာထုတ်လိုက်လို့ရင် ,သူနဲ့ အတူတူ တစ်ခါထဲငါပါ သေသွားမှာပေါ့။

ဖြစ်ပျက်ပြီးခဲ့တဲ့ အတိတ်တွေက ပြန်မရနိုင်အောင်ကုန်လွန်ခဲ့ပြီးဖြစ်တယ်။ သို့တိုင်အောင် ဒီအရူးကတော့ ကြောက်ရွှံ့ခြင်းနဲ့ ချီတုံချတုံခံစား နေရတုန်းပဲ။

ဒီလိုအချိန်မှာ ဘာ့ကြောင့် သူတုံ့ဆိုင်းနေရသေးတာလဲ?

လောင်ယွီချန် က ငါကျေနပ်စေမယ့် ဘယ်အရာကိုမှ မလုပ်ခဲ့ဘူး။

ငါကရော ? တခြားဘာလုပ်လို့ရသေးလို့လဲ? ကံကြမ္မာကိုသာ အပ်နှင်ပြီး ဒီတာဝန်ကိုထမ်းဆောင်ခိုင်းလိုက်ပါတော့လား။

လောင်ယွီချန်က တခါမှမမြင်ဖူးသလိုမျိုး ငါ့ကိုကြည့်နေသေးတယ်။ သူ့မျက်နှာပေါ်တွင်တော့ တမ်းတမှု , နာကျည်းမှု, တုံ့ဆိုင်းမှု နှင့် ဝမ်းနည်းမှုတို့ပေါင်းစပ်ထားတဲ့ ရှုပ်ထွေးပွေလီမှုများစွာက ပေါ်လွင်နေလေရဲ့။

ငါပြုံးပြလိုက်ပြီး သူ့ ဆီပွေ့ဖက်ဖို့ လက်နှစ်ဖက်ကိုဆန့်တန်းလိုက်တယ်။

ဒါတောင်မှ သူက ငါထင်ထားသလိုမျိုး ငါ့အနားကိုအလျင်စလို မရောက်လာဘူး။ အဲ့ဒီအစား, သူက ငါ့ဆီကို မတည်မငြိမ်ခြေလှမ်းတွေနဲ့ လှမ်းလာတယ်။ လမ်းလျှောက်နည်းကိုမေ့နေတဲ့သူတစ်ယောက်လိုမျိုး လျှောက်နေပြီး ပင်ကွင်းတစ်ကောင်လိုမျိုး လဲကျသွားတယ်။

Like Love But Not [ Myanmar Translation ]Where stories live. Discover now