1U

5K 116 10
                                    

🍁ချစ်ခြင်း၏ ကမ်းလက်များ🍁

(Or)

🌟ချစ်ခြင်းသို့ လက်တစ်ကမ်း🌟

Part <1>

"ပါးပါးရေ"
မနက်လင်းပြီဆိုကထဲက သမီးရဲ့ အသံစာစာလေးက မကြားချင်မှအဆုံး
"ပါးပါး....."

ခပ်ကျယ်ကျယ်သမီးအသံနှင့်အတူ ခပ်အုပ်အုပ်ထွက်လာသည်က ချစ်ဇနီးရဲ့အသံချိုချိုလေး
"သမီး ပါးပါးကအိပ်နေတယ်လေ"
"ပါးပါးက အပျင်းကြီးလိုက်တာ"
"သမီးပါးပါးက ညကနောက်ကျမှအလုပ်ကပြန်ရောက်တာလေ"
"၈နာရီခွဲတော့မယ် မေမေရဲ့ မရဘူးနော် လျှံပြောပြီးသား"
သမီးနဲ့ပကတိရဲ့စကားတွေကြောင့် ဓန နိုးနိုးခြင်း ပြုံးမိလိုက်သည်
ဆက်အိပ်၍လည်း မရတော့
သမီးက တကယ့်သာလိကာမလေး
"ပါးပါးရေ"
သမီးရဲ့ တံခါးခေါက်သံအဆုံး ဓနအိပ်ရာမှ လူးလဲထကာ တံခါးသွားဖွင့်ပေးတော့
မြင်လိုက်ရသည့်အသည်းအသက်လေးတွေ
သမီးက သူ့အားမော့ကြည့်ကာ ကြည်ကြည်လင်လင်ပြုံးနေသည်က ပါးခွက်လေးတွေပင်ပေါ်လို့
"ပါးပါးသမီးက သာလိကာမလေးလားကွာ ဆူလိုက်တာ"
"ဟွန့် ပါးပါးသာအိပ်ပုတ်နေပြီး"
နှာခေါင်းလေးရှုံ့ကာ အသည်းစဖွယ်လေး ပြန်ပြောနေပုံက ချစ်စရာ...
သမီးအငယ်လေးက အခုဆို၁၃နှစ်ထဲရောက်နေပြီဆိုပေမယ့် ပကတိနှင့်တူစွာ လူကောင်သေးသည်
သားငယ်ကတော့ အရွယ်နှင့်တောင်မလိုက် အရပ်ရှည်သည်က သူ့ကိုကြီးနှင့်တောင်မတိမ်းမယိမ်း
"ပါးပါး...ဟီး"
သွးလေးဖြီးကာ မျက်နှာချိုသွေးနေသည့် သမီးကြောင့် ဓန မျက်မှောင်ကြုတ်ကာ လက်ပိုက်ရပ်လိုက်မိသည်
"ကဲ....ဘာပူဆာချင်ပြန်တာလဲ"
ဓနအမေးအား ရီနေရင်း
"ပါးပါးဆံပင်စည်းပေးတာ လိုချင်လို့"
ဓန ခေါင်းယမ်းကာ ရီလိုက်မိသည်
တကယ့်မနိုင်စိန်လေး
လျှံလေးက သူရောပကတိနှင့်ပါကွာခြားစွာ တကယ့်အချွဲလေး
သမီးလေးကိုဆို မြင်တဲ့သူတိုင်း မချစ်ပဲမနေနိုင်ကြ
"မေမေစီးပေးမယ်လေ"
ပကတိ ဝင်ကာပြောလိုက်လျှင် လျှံလေးက
"No...ပါးပါးစီးပေးတာပဲ လိုချင်တာ ဒီနေ့က ဘာနေ့လဲသိလား"
ဓန တမင်ပင်မသိချင်ယောင်ဆောင်ရင်း
"ဘာနေ့လဲ"
ဓနအမေးအဆုံး သမီးက မကျေမနပ်နှုတ်ခမ်းလေးစူကာ လက်လေးပိုက်လျက်
"မေမေမသိရင် လျှံနားလည်ပေးနိုင်တယ်နော် ပါးပါးမသိရင်စိတ်ကောက်မှာ"
ပကတိ တကယ်ပင်မသိစွာပဲ
"ဒီနေ့က...ဘာနေ့လဲဟင်"
သား​နှစ်ယောက်နဲ့ သမီးတောင်အရွယ်ရောက်နေပြီ
ခုထိ အူကြောင်ကြားလုပ်နေသော ပကတိအားဓနအသည်းယားလာရသည်
ဓန သူမအားကြည့်မိလိုက်ရင်ပဲ
"'ဟိုးးးးStopပါးပါး အကြည့်တွေနော် ဟွန်းးး လျှံရှိပါသေးတယ်"
မျက်မှောင်ကြုတ်ကာ ပြောလာပုံက တကယ့်ဆရာမကြီးလို
ဓန သဘောကျစွာတဟားဟားအော်ရီရင်း
"ကဲ...ဖေဖော်ဝါရီ၁၄ရက်နေ့က ချစ်သူများနေ့လေ ပါးပါးနဲ့ဘာဆိုင်လဲ"
"ဆိုင်တာပေါ့ ပါးပါးနော် လျှံတို့ကျောင်းသွားရင် မေမေနဲ့Romaticတွေဆန်နေတော့မှာမလား"
"အဟွန့်....ပါးပါးRoချင်ရင်တောင် လျှံမေမေက သိပါ့မလား"
"အားးးးနားမထောင်နိုင်တော့ဘူး ပေး လျှံကိုလက်ဆောင်"
"ချစ်သူများနေ့မှာ ဘာလို့ ပါးပါးဆီကလက်ဆောင်လာတောင်းနေတာလဲ"
ဓနထိုသို့မေးလိုက်တော့
လျှံမျက်ဝန်းလေးတွေလက်သွားပြီး
"သမီးတွေရဲ့ အချစ်ဦးက ဖခင်တဲ့ အဲ့လိုပဲလေ လျှံရဲ့အချစ်ဦးက ပါးပါးပဲပေါ့"
သမီးရဲ့ စကားအဆုံး ဓန ခပ်ဟဟရီရင်း အနားမှာရပ်နေသည့် ပကတိအားကြည့်ကာ
"အဟွန်းးးးအမေတူသမီး"
"ဟွန့်နော်...လျှံရဲ့အချစ်ဦးက ပါးပါးဆိုပေမယ့် ပါးပါးရဲ့အချစ်ဦးက မေမေမလား အာ့တော့မကျေနပ်ဘူး အဲ့ဒီတော့ လျှံအတွက် လက်ဆောင်ပြင်ပေးထားလား မဟုတ်ရင် လျှံခိုင်းတာလုပ်ပေးရမယ်"
ဓန သမီးရဲ့အကြောင်းသိစွာ လက်ဆောင်ပြင်ထားသော်လည်း သမီးဘာကိုတောင်းမလဲကို သိချင်လှစွာ
"ကဲ...သမီးတော်လေးက ဘာလိုချင်လဲပြောပါဦး"
"ဟီးးး သနပ်ခါးလိမ်းပြီး ဆံပင်ဖြီးပေး"
"ဟုတ်ပါပြီ"
"ကိုအဆင်မပြေရင် ပကတိလုပ်ပေးလိုက်မယ်လေ"
ပကတိရဲ့ စကားအဆုံး ဓန သူ့ခါးအားဖက်ကာ တွယ်ကပ်နေသော သမီးလေးအားကြည့်ကာ ရီလိုက်ပြီး
"ရတယ် ကိုယ်ပဲ လုပ်ပေးလိုက်မယ် သားတို့ကိုစောင့်နေဖို့ပြောပေး ကိုယ်တို့ခဏနေဆင်းလာမယ်"
"အင်း"
"လာ သနပ်ခါးလိမ်းပေးမယ်"
ဓန မလိမ်းတတ်လိမ်းတတ်နှင့် သမီးအလိုကျ သနပ်ခါးလိမ်းဖြီးလိမ်းပေးပြီးမှ မျက်နှာသစ်ရလေသည်
မျက်နှာသစ်ပြီးထွက်လာတော့ သမီးနှင့်ပကတိက တဘက်အားကိုင်ကာ စောင့်နေလေသည်
"လျှံလည်း လိုချင်တာရသွားပြီဆိုတော့ အလိုက်သိပါ့မယ်"
သမီးက သူ့လက်ထဲကတဘက်အား ဓနအားကမ်းပေးကာ ပြုံးစိစိဖြင့်ထွက်သွားလေသည်
အခန်းထဲ သူမနှင့်ကျန်တော့မှ ဓန သူမအနားပြုံးကာ တိုးကပ်ရင်း
"ပကတိ မင်းရော ကိုယ့်ဆီက ဘာတောင်းမလဲပြော"
"ကို ကျန်းကျန်းမာမာအန္တရာယ်ကင်းကင်းနဲ့ ပကတိအနားရှိနေရင်ရပြီ"
"အလိုဆန္ဒနည်းလိုက်တာ တကယ်ဆို သမီးကို နည်းနည်းအတုယူသင့်တယ်"
ဓန စနောက်ကာပြောမိတော့ သူမရဲ့ ရီသံခပ်လွင်လွင်လေးပင် ထွက်လာလေသည်
"သမီးလိုမပြောတတ်လည်း ကိုကချစ်တယ်လေ မဟုတ်ဘူးလား"
သူမစကားကြောင့် ဓနအသည်းယားစွာ သူမနောက်မှ သိုင်းဖက်လိုက်၍
"ချစ်တယ်.... အရင်နှစ်တွေ အရင်နေ့တွေထက် ဒီနေ့ပိုချစ်တယ်"
ပြောနေရင်းပင် သူမလည်ကုတ်ဖြူဖြူလေးအား ငုံ့ကာနမ်းလိုက်မိသည်
"ပကတိလဲ အရမ်းချစ်တယ်"
"ကိုယ့်ကို ဘာလက်ဆောင်ပေးမှာလဲ"
"ပကတိရဲ့အရာရာကို ကိုယ့်ထံပုံအပ်ပြီးပြီမလို့ ပကတိမှာပေးစရာမကျန်တော့ဘူးလေ"'
ပကတိစကားကြောင့် ဓနအသည်းယားစွာ သူမကိုယ်လုံးလေးအား ဖျစ်ညစ်မိသည်
"ပကတိ...မင်းကွာ..."
"အဟင်းးးး"
သူမကလဲ သူ့အသည်းယားမှုအား သတိထားမိစွာ ရီနေသေးသည်
"သမီး စကားတတ်တာ လက်စသတ်တော့ မင်းကိုတူနေတာကို"
"မြန်မြန်အဝတ်လဲတော့ အောက်မှာ ကလေးတွေစောင့်နေတယ်"
"ချစ်တယ်"
ဟုဆိုကာ ပကတိအားအနမ်းပေးရန်လဲသူမမေ့

🍁ချစ်ခြင်း၏ ကမ်းလက်များ🍁(Or)🌟ချစ်ခြင်းသို့ လက်တစ်ကမ်း🌟 Where stories live. Discover now