ဤပို့စ်သည် စစ်ယွီမှ သူ့နေရာအား ခိုးသွားခဲ့သည်ဟူသော အတင်းအဖျင်းများကို ဖြေရှင်းပေးလိုက်ရုံသာမက စစ်ယွီအား စက်ဆုပ်ဖွယ်ကောင်းစွာ တိုက်ခိုက်နေကြသော ဖန်များကိုလည်း ရပ်တန့်ပေးလိုက်နိုင်သည်။ ကျီလင်းက ထိုသို့တင်ပြီးသည်နှင့် ထိုမိန်းကလေးဖန်များသည် ဒေါသထွက်စွာ ခြေဆောင့်လိုက်ပြီး ချက်ချင်းပင် တိတ်ဆိတ်သွားကြတော့သည်။

တစ်ခြားဖန်များ: 'အိုကေ အိုကေ စကားနားထောင်ပါမယ်။ တို့က နာခံတတ်ပြီးတော့ ခုဏက မိန်းကလေးဖန်တွေလိုမျိုး ရှက်စရာကောင်းတာတွေ မလုပ်တတ်ပါဘူး။ ပြီးတော့ သူတို့တွေကပဲ ကြွားလုံးထုတ်သွားသေးတယ်။ တို့တွေက မဆဲဆိုရုံသာမကဘူး ရှောင်ကျဲကျဲရဲ့ သီးသန့်မက်ဆေ့ချ်မှာလဲ သူမရဲ့ကျန်းမာရေးနဲ့ ပက်သက်ပြီး စိတ်ပူကြောင်း ပို့ပေးထားသေးတယ်။ ရှောင်ကျဲကျဲက အရမ်းကောင်းပြီးတော့ အာရုံစိုက်လွန်းတယ်။ သူမလေးကို ဒီလို မဟုတ်ကဟုတ်ကတွေပြောဖို့ ဘယ်သူ့မှာများ နှလုံးသားမရှိနိုင်ပါ့မလဲ...

ကျီလင်းသည် မှတ်ချက်များကို လိုက်ကြည့်ပြီးနောက် မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။

သူ့ဘေးနားတွင် ခွေးတစ်ကောင်လို အလုပ်ရှုပ်နေသော ရှောင်အိုက်မှာ ဒေါသဖြင့် မကျေမချမ်းကြည့်လာ၏။ "ကျီကော ဝေ့ပေါ် မှာ ပို့စ်မတင်ခင် ကျွန်မနဲ့ အရင်တိုင်ပင်မယ်လို့ ကော မပြောခဲ့ဘူးလား။ ကိုယ့်သဘောနဲ့ကိုယ် ဘာလို့တင်လိုက်ရတာလဲ။"

ကျီလင်းမှာတော့ မပြောင်းမလဲပုံစံပင်။ "ဒါနဲ့ပက်သက်ပြီး ဘာများလုပ်စရာရှိသေးလို့လဲ။ ဘာပဲပြောပြော ငါလည်း ရှုတင်မှာပါခဲ့တဲ့လူပဲ။ ငါက ဒါကိုကြော်ငြာပေးရုံပါ"

ထို့နောက် သူသည် သူ၏အကောင့်တုလေးသို့ ဝင်လိုက်ပြီး ကျိုးစစ်ယွီယွီယွီ၏ ဝေ့ပေါ်အကောင့်အား နှိပ်လိုက်သည်။ ထို့နောက် ထိုအကောင့်အား ချက်ချင်းပင် အထူးသတိပြုရမယ့်အထဲ ထည့်လိုက်၏။ ဒါက သူ့အစ်မရဲ့ ဝေ့ပေါ် ပဲ .. အရင်တုန်းက သူ့မှာ မေးဖို့ အခွင့်အရေး တကယ်ကို မရှိခဲ့ဘူး။ အခု ဒီနေ့တော့ ရခဲ့ပြီ။ နောက်ကျရင် ညတိုင်း ကောင်းသောညပါလို့ သူ ပို့သင့်လား မပို့သင့်ဘူးလား...

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ်သို့ ကူးပြောင်းလာခြင်း Onde histórias criam vida. Descubra agora