CAP Extra-2[Htike's BD]

3K 119 4
                                    

Unicode

"အချစ် ဒီနေ့ဘာနေ့လဲ"

"အလုပ်နောက်ကျနေပြီ မောင် မင်းသွားတော့"

မေးနေတာကို မဖြေပဲ companyသွားရန်ကားထဲသို့ အတင်းနှင်ထုတ်နေသော အချစ်ကြောင့် စိတ်ကသီးကအောင့်ဖြစ်မိသည်။ ဒီနေ့ ထိုက်မွေးနေ့လေ။ အချစ်မေ့နေတာလား။

စိတ်တွေလွင့်ပြီး companyကို ရောက်အောင်သွားခဲ့သည်။ ကိုယ့်လင်မွေးနေ့ကိုမေ့နေတဲ့ အချစ်ကိုလဲ စိတ်ဆိုးသည်။

~~~~~

"Boss မျက်နှာပျက်နေပြီ သေချာအလုပ်လုပ်နော်"

"Bossမျက်နှာက မကောင်းဘူး တော်ကြာငါတို့ကိုမဲနေဦးမယ်"

ဖန်သားတစ်ဖက်ကနေ မြင်နေရသော ထိုက်ရဲ့မျက်နှာ အရိပ်အကဲကို ဝန်ထမ်းများရော မန်နေဂျာကပါ တိုးတိတ်စွာပြောနေကြသည်။ ခါတိုင်းထက် ခက်ထန်နေသော ထိုက်ရဲ့မျက်နှာဟာ တကယ်ကိုကြောက်စရာပင်။

တောက်စ်!

ထိုက်ရဲ့တောက်ခေါက်မှုကြောင့် projectအကြောင်းရှင်းပြနေတဲ့ဝန်ထမ်းကောင်မလေးဟာ လန့်ပြီး တုန်သွားကာ ဆက်မပြောပဲ ထိုက်ကိုကြောက်လန့်စွာကြည့်နေသည်။

"ဆက်ပြောလေ! ဘာလို့တိတ်နေတာလဲ"

"ဟုတ်...ဟုတ်...Now!....The perfume that....that will be released now....now....perfume....perfume...."

"ကျစ်! သွားတော့သွား! အချိုးမပြေဘူး"

ဝန်ထမ်းကောင်မလေးဟာ အော်ခံရတာကြောင့် ငိုပြီး ထိုက်ရဲ့ CEOအခန်းထဲကနေ ထွက်သွားသည်။ ကျစ် အရေးထဲ နိုင်ငံခြားသားတွေနဲ့meetingမှာ projectအကြောင်းရှင်းပြဖို့ လေ့ကျင့်နေတာကို စကားက ထစ်နေသေး။

"ဘယ်လိုများအော်လိုက်လို့ ကောင်မလေးက ငိုသွားတာလဲ"

"ခွန်းကမ္ဘာ!"

ပိတ်နေတဲ့အခန်းတံခါးကို ကျောပြီးရင်း ထိုက်အား လက်ပိုက်ကြည့်နေတဲ့ခွန်းကမ္ဘာ။

"မနက်ဖြန် foreignerတွေနဲ့ projectအကြောင်းဆွေးနွေးဖို့ meetingရှိတာ...ရှင်းပြရမယ့်ဟာတွေကို လေ့ကျင်းခိုင်းတာ ဒါကိုစကားထစ်နေတယ်လေ"

"မင်းကိုကြောက်နေလို့နေမှာပေါ့"

"ငါကဘာကြောက်စရာရှိလို့လဲ"

Cigarette and poisonWhere stories live. Discover now