Part9[Uni+Zawgyi]

8.9K 458 9
                                    

Uni

"အင့်! မင်းဘာဖြစ်နေတာလဲ ထန်လွန်းထိုက်"

အိမ်ပြန်ရောက်တော့လည်း သူအားရှောင်နေသော တိမ်လရောင်မော်ကွန်းကို အလစ်ချောင်း၍ နောက်ကနေ ရင်ခွင်ထဲရောက်မတက်ဖတ်ထားသည်။

"ခင်ဗျားကို ဖက်တာလေ"

"ဖယ် လွှတ်"

"အိမ်ပြန်လာကတည်းက ဘာလို့ကျုပ်ကိုရှောင်နေတာလဲဖြေ"

"မရှောင်ပါဘူး"

"မှန်မှန်ဖြေနော် မဟုတ်ရင် ကျုပ်"

"ငါကိုမကိုက်ပါနဲ့ ငါကြောက်ပါတယ် မင်းစိတ်တိုတာငါသိပါတယ် ငါကိုမကိုက်ပါနဲ့"

မျက်လုံးကိုမှိတ်ကာ စကားကိုဆက်တိုက်ပြောနေသော ရင်ခွင်ထဲကကောင်လေးက လူကိုခွေးထင်နေတာလား။

"ကျုပ်ကိုဘာလို့ကိုက်မယ်ထင်ရတာလဲ"

"မင်းငါကို စိတ်တိုနေတာလေ"

"တိမ်လရောင်မော်ကွန်း ခင်ဗျားကတော်တော်တုံးတာဘဲ ကျုပ်စိတ်နဲ့ ကိုင်ဆောင့်ပစ်လိုက်ရင်တော့ ကျစ်"

"...."

"ဒီမှာကျုပ်ခင်ဗျားကိုချစ်တယ် ကျုပ်ကိုပြန်ချစ်မယ်မလား"

"ဘာလို့...ဘာလို့ငါကိုချစ်တာလဲ"

"ခင်ဗျားဖြစ်လို့ပေါ့ဗျာ"

"မင်းအတည်ပြောနေတာလား"

ကျစ် တိမ်လရောင်မော်ကွန်းကို စိတ်ရှိလက်ရှိကိုင်ဆောင့်လိုက်ရင် ကိုယ်ဘဲဆိုးတယ်ဖြစ်ဦးမယ်။ တကယ်တုံးလိုက်တာဗျာ။

"ကျုပ်ခင်ဗျားကိုအရမ်းချစ်တယ် တိမ်လရောင်မော်ကွန်း"

"တကယ်လား"

"ဘယ်သူကိုမှမချစ်ဖူးတဲ့အချစ်မျိုးနဲ့ ချစ်မြတ်နိုးတာ"

ကွန်း ထိုက်မျက်ဝန်းကို ကြည့်မိတော့ မျက်ဝန်းညိုညိုလေးက သူအားချစ်ကြောင်းဝန်ခံနေသလိုပင်။

အဲ့ညှို့အားပြင်းတဲ့မျက်ဝန်းတွေနဲ့မကြည့်နဲ့ထိုက်...ငါကျရှုံးမိလိမ့်မယ်။
_________

"ညီဆိုင်သွားမလို့လား"

ရောင်သွေးဖြာဆိုင်သွားမယ့်အချိန်တိုင်း ဒီလူကြီးက အမြဲ အနောက်ကနေ အဖော်လိုက်လာသည်။ဟိုတစ်ခါတုန်းကလို နှောက်ယှက်မယ့်သူတွေနဲ့ တွေ့မှာစိုးလို့တဲ့

Cigarette and poisonWhere stories live. Discover now